<

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

Photo: Reuters

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ညနေပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ပွဲတွင် ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားခဲ့သည့် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့သည် အဓိကပြိုင်ဘက်ဖြစ်သည် မော်ရိုကိုနိုင်ငံကို မဲအပြတ်အသတ် အသာရကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားခဲ့သည့် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့သည် (၁၃၄)မဲအထိ ရရှိခဲ့ပြီး ပြိုင်ဘက် မော်ရိုကိုနိုင်ငံမှာ (၆၅)မဲသာ ရရှိခဲ့ကြောင်း သိရှိရသည်။

ရာခိုင်နှုန်းဖြင့် တွက်ချက်မည်ဆိုပါက မြောက်အမေရိကတိုက်မှ ပူးတွဲအိမ်ရှင်တို့သည် မဲ(၆၇)ရာခိုင်နှုန်းအထိ ရရှိခဲ့ခြင်းဖြစ်ပြီး မော်ရိုကိုနိုင်ငံက (၃၃)ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပြီးနောက် (၂၂)နှစ်အကြာတွင် ပြန်လည်ကျင်းပခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရခဲ့သည့်အတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကားလို့စ်ကော်ဒီရိုက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်တင်ထားပြီး ပရိသတ်ပေါင်း (၃.၆)သန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။

 

 

June 13, 2018














Copy Protected by Chetan's WP-Copyprotect.