နောဝှစ်ချ်တောင်ပံကစားသမား မာဖီကို ကာဒစ်ဖ်အသင်း အပြီးသတ်ခေါ်ယူ

နောဝှစ်ချ်တောင်ပံကစားသမား မာဖီကို ကာဒစ်ဖ်အသင်း အပြီးသတ်ခေါ်ယူ
Published 13 June 2018

Photo: BeSoccer

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရထားသည့် ကာဒစ်ဖ်အသင်းသည် ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်တောင်ပံကစားသမား မာဖီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဖာမီသည် ယခုနှစ်တွင် ကာဒစ်ဖ်အသင်း ခေါ်ယူသည့် ပထမဆုံးကစားသမားဖြစ်လာပြီး အသင်းနှင့် (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

ဖာမီသည် ပြီးခဲ့သည့်ရာသီက နောဝှစ်ချ်အသင်းတွင် ခြေစွမ်းပြကာ (၁၁)ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုမူ နှစ်သင်းစလုံးမှ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်က မာဖီမှာ ၎င်း၏ နံပါတ်(၁)ပစ်မှတ်ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

Most Read

Most Recent