w ယွန်းဘတ်အား ယူ-၂၃ အသင်းနည်းပြအဖြစ် အာဆင်နယ်အသင်း ခန့်အပ် - Eleven Media Group <

ယွန်းဘတ်အား ယူ-၂၃ အသင်းနည်းပြအဖြစ် အာဆင်နယ်အသင်း ခန့်အပ်

Photo: Arsenal FC

အာဆင်နယ်အသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမားဟောင်း ယွန်းဘတ်ကို အာဆင်နယ်ယူ-၂၃ အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးကြောင်း သိရသည်။

ယွန်းဘတ်သည် အာဆင်နယ်ယူ-၁၅၊ ယူ-၁၇ စသည့် အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၀ုလ်ဖ်ဘတ်အသင်းနည်းပြ ဂျွန်ကာ၏ လက်ထောက်နည်းပြအသစ် ဆောင်ရွက်ခဲ့သည်။

အာဆင်နယ်အသင်းကို ပြန်လာခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း ယွန်းဘတ်က ပြောဆိုခဲ့သည်။

ယွန်းဘတ်က “အာဆင်နယ်အသင်းဆီ ပြန်လာခွင့်ရတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ အာဆင်နယ်အသင်းဟာ ကျွန်တော့်အတွက် တကယ်ကို ထူးခြားကောင်းမွန်တဲ့နေရာပါ။ ယူ-၂၃ အသင်းနဲ့ လက်တွဲခွင့်ရတဲ့အတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်”ဟု ဆိုခဲ့သည်။

ယွန်းဘတ်သည် အာဆင်နယ်အသင်းတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၂)လုံးအပါအ၀င် ဆုဖလား(၆)လုံးအထိ ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.