<

မန်ယူအသင်း၏ပစ်မှတ် ယပ်စတင်ကလွိုင်ဗတ်အား ရိုးမားအသင်း ခေါ်ယူ

Photo: Twitter – @OfficialASRoma

ရိုးမားအသင်းသည် အေဂျက်စ်အသင်း၏ နယ်သာလန်လက်ရွေးစင်အသင်း တောင်ပံကစားသမား ယပ်စတင်ကလွိုင်ဗတ်အား အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက် (၁၉)နှစ်အရွယ်သာရှိသေးသည့် နယ်သာလန်ကြယ်ပွင့် ကလွိုင်ဗတ်သည် အေဂျက်စ်အသင်းနှင့်အတူ ခြေစွမ်းပြလာနိုင်ခဲ့ခြင်းကြောင့် မန်ယူ၊ ဘာစီလိုနာအသင်းတို့အပါအ၀င် ဥရောပထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး ရိုးမားအသင်းမှ လက်ဦးမှုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရိုးမားအသင်းသည် ကလွိုင်ဗတ်အား ပြောင်းရွှေ့ကြေး ပေါင် (၁၆)သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရိုးမားအသင်း၏ အိုလံပီကိုကွင်းတွင် ဆေးစစ်မှုခံယူပြီးနောက် အပြောင်းအရွှေ့ကိုအပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၁)ပွဲပါဝင်ကစားပေးထားသူ ကလွိုင်ဗတ်သည် ပြီးခဲ့သည့်ရာသီက အေဂျက်စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၃၆)ပွဲတွင်၊ (၁၁)ဂိုးသွင်းယူပေးခဲ့သည်။

ကလွိုင်ဗတ်သည် အေဂျက်စ်အသင်း၏ လူငယ်အကယ်ဒမီမှပေါ်ထွက်လာသည့်ကစားသမားတစ်ဦးဖြစ်ပြီး အေဂျက်စ်အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၆)ပွဲကစားကာ၊ (၁၃)ဂိုးသွင်းယူပေးခဲ့သည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.