စပိန်အသင်းနည်းပြလိုပယ်တယ်ဟီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဟု ရီးယဲလ်မက်ဒရစ်အသင်း ကြေညာ

စပိန်အသင်းနည်းပြလိုပယ်တယ်ဟီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဟု ရီးယဲလ်မက်ဒရစ်အသင်း ကြေညာ
Published 13 June 2018

Photo: Marca

ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်အသင်းနည်းပြ လိုပယ်တယ်ဟီအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြန်ကြေညာသွားခဲ့သည်။

နည်းပြ လိုပယ်တယ်ဟီသည် စပိန်လက်ရွေးစင်အသင်းနှင့် ပြီးခဲ့သည့်လကမှ ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးသည်အထိ ကိုင်တွယ်သွားမည်ဟု လက်မှတ်သစ်ရေးထိုးထားခဲ့သူ ဖြစ်သည်။

သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရက်ပိုင်းတွင် လိုပယ်တယ်ဟီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

လိုပယ်တယ်ဟီသည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းကို စတင်ကိုင်တွယ်သွားမည်ဖြစ်ပြီး အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အသက် (၅၁)နှစ်အရွယ်ရှိ လိုပယ်တယ်ဟီသည် ပေါ်တိုအသင်းကို နည်းပြဖူးသူဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းကို ၂၀၁၆ ဇူလိုင်လက စတင်ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

Most Read

Most Recent