အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုရန် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်း ငြင်းဆိုပြန်

အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုရန် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်း ငြင်းဆိုပြန်
Published 13 June 2018

Photo: AS

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး ငြင်းဆိုခဲ့ပြန်ကြောင်း သိရှိရသည်။

ဂရစ်ဇ်မန်းသည် ပြီးခဲ့သည့်လက ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ကြေညာသွားမည်ဟု ပြောဆိုခဲ့သူလည်း ဖြစ်သည်။

အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပြင်သစ်အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် ဂရစ်ဇ်မန်းအနေဖြင့် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုလိမ့်မည်ဟု မီဒီယာများက စိတ်ဝင်စားခဲ့ကြသော်လည်း ဂရစ်ဇ်မန်းက ငြင်းဆိုခဲ့ပြန်သည်။

ပြင်သစ်အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် ဂရစ်ဇ်မန်းက "ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လူတွေ သိချင်နေကြတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့က အဲဒါကို ဖွင့်ပြောဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး"ဟု ဆိုခဲ့သည်။

ဂရစ်ဇ်မန်းကို အက်သလက်တီကိုမက်ဒရစ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသလို လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းကလည်း ၎င်းကို စာချုပ်ပါ လျော်ကြေးယူရိုသန်း(၁၀၀) ပေးကာ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Most Recent