မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ဘက်မှ ဘဏ်အကောင့်ပိတ်မှု မကြာခဏဖြစ်ပွားနေပြီး အရောင်းအဝယ် ပြုလုပ်နေသူများ ငွေပေးငွေယူပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂ ရက်မှစ၍ ငွေပေးငွေယူငွေလွှဲလုပ်ငန်းများကို ခေတ္တရပ်နားမည်

မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ဘက်မှ ဘဏ်အကောင့်ပိတ်မှု မကြာခဏဖြစ်ပွားနေပြီး အရောင်းအဝယ် ပြုလုပ်နေသူများ ငွေပေးငွေယူပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂ ရက်မှစ၍ ငွေပေးငွေယူငွေလွှဲလုပ်ငန်းများကို ခေတ္တရပ်နားမည်
Published 12 June 2018

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် အရေးပါသည့် မန္တလေး-မူဆယ်လမ်းမကြီးတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ဘက်မှ ဘဏ်အကောင့်ပိတ်မှု မကြာခဏ ဖြစ်ပွားနေပြီး နယ်စပ်အရောင်းအဝယ် ပြုလုပ်နေသူများ ငွေပေးငွေယူပြုလုပ်ရာ၌ ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် ဇွန် ၁၂ ရက်မှစ၍ ငွေပေးငွေယူငွေလွှဲလုပ်ငန်းများကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း မူဆယ်နယ်စပ်ရှိ ကုန်သည်များထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရဘက်မှ ဘဏ်အကောင့်များကို မကြာခဏ ပိတ်နေခြင်းမှာ ယင်းနိုင်ငံဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့်ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

“နယ်စပ်အရောင်းအဝယ်လုပ်တဲ့သူများအနေနဲ့ ငွေပေးငွေယူလုပ်ကြတဲ့အခါ အကောင့်ပိတ်မူများ ရှိနေပါသဖြင့်စာရင်းများ ရှင်းရာတွင် ပြဿနာများ ဖြစ်ပေါ်နေရပါတယ်။ ပေးရန် ရှိငွေလွှဲပေးလိုက်သောအခါ ရရန်ရှိ ငွေလွှဲပေးလိုက်တဲ့အခါ အကောင့်ပိတ်ခံလိုက်ရသောကြောင့် ငွေလွှဲသူနဲ့ ကုန်သည်လုပ်ငန်းရှင်များကြားမှာ ပြဿနာ ဖြစ်နေကြရပါတယ်” ဟု မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စများကြောင့် ငွေပေးငွေယူ ငွေလွှဲလုပ်ငန်းများကို ၂၀၁၈ခုနှစ် ဇွန် ၁၂ ရက်မှစ၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများသို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက အသိပေးထားကြောင်း သိရသည်။

မြန်မာ့ဆန်ကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး တရုတ်ဘက်မှ စီမံချက်ဖြင့် အဖမ်းအဆီးများ ရှိလာပါက ဆန်အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်ကာ ဆန်ဈေးကျဆင်းမှုများ ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်ငံမှဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ မြန်မာဘက်မှ တရားဝင် တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်မှမူ တရားဝင်အဖြစ် သတ်မှတ်ထားခြင်း မရှိသဖြင့် မကြာခဏဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များ တရားဝင်တင်ပို့နိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ဇွန်လအတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “အခုကကျတော့ Bilateral Trade ပေါ့။ နှစ်နိုင်ငံ စာချုပ်ချုပ်တာပေါ့။ အဲဒါက ကိုတာသတ်မှတ်ချက်နဲ့ အကျုံးမဝင်ဘူး။ ဒါကြောင့်မို့ တရားဝင် ဖြစ်သွားတာပေါ့” ပြောကြားသည်။

Most Read

Most Recent