စာချုပ်သစ်အရ စပါးအသင်းတွင် ဟာရီကိန်း တစ်ပတ်လုပ်ခပေါင် (၃)သိန်းနီးပါး ရရှိမည်

စာချုပ်သစ်အရ စပါးအသင်းတွင် ဟာရီကိန်း တစ်ပတ်လုပ်ခပေါင် (၃)သိန်းနီးပါး ရရှိမည်
Published 10 June 2018

Photo: PA

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း သည် ဇွန် (၈)ရက်က ချုပ်ဆိုခဲ့သည့် (၆)နှစ် စာချုပ်သစ်အရ တစ်ပတ်လုပ်ခပေါင်(၃)သိန်းနီးပါး အထိ ရရှိမည်ဖြစ်ကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

၂၀၁၆ ခုနှစ်က ချုပ်ဆိုထားသည့် ဟာရီကိန်း၏ မူလစာချုပ်မှာ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၁၁၀၀၀၀) သာရရှိ သော်လည်း ၂၀၂၄ ခုနှစ်အထိ ထပ်မံတိုးမြှင့်ချုပ်ဆိုလိုက်သည့် စာချုပ်သစ်အရ အခြေခံ တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းကျော်ရရှိမည့် အပြင် ဆုကြေးများပါဝင်ပါက ပေါင်(၃)သိန်းနီးပါးအထိ ရရှိမည်ကြောင်း သိရသည်။

ထို့ကြောင့် ဟာရီကိန်းသည် စပါးအသင်းတွင် ဝင်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ တစ်နှစ်လစာမှာ ပေါင် (၁၅)သန်းအထိ ရှိလာမည် ဖြစ်သည်။

စာချုပ်သက်တမ်း (၆)နှစ်အထိ တိုးခဲ့ခြင်း ဖြစ်သည့်အတွက် ဟာရီကိန်း၏ စာချုပ်သစ်တန်ကြေးမှာ ပေါင်သန်း(၉၀)အထိ ရှိကြောင်း Daily Mail က ဖော်ပြခဲ့ကြောင်း သိရှိရသည်။

''ဂုဏ်ယူစရာကောင်းတဲ့နေ့ဖြစ်ပြီး အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ကွင်းသစ်နဲ့အတူ ရှေ့ ဆက်လျှောက်ရမယ့် အနာဂတ်အတွက်လည်း ရင်ခုန်ပါတယ်'' ဟု ဟာရီကိန်းက ဆိုသည်။

 

 

Most Read

Most Recent