ခင်ဦးမြို့နယ်တွင် အသက်မပြည့်သေးသည့် အဋ္ဌမတန်းကျောင်းသူအား ဓားထောက်ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်သူအား ဖမ်းဆီး

ခင်ဦးမြို့နယ်တွင် အသက်မပြည့်သေးသည့် အဋ္ဌမတန်းကျောင်းသူအား ဓားထောက်ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်သူအား ဖမ်းဆီး
Published 9 June 2018

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ယာတော်ကျေးရွာတွင် လွန်ခဲ့သည့် လေးလခန့်က အဋ္ဌမတန်းကျောင်းသူတစ်ဦးအား အမျိုးသားတစ်ဦးက ဓားထောက်ပြီး အဓမ္မပြုကျင့်ခဲ့မှုကြောင့် ကိုယ်ဝန်သုံးလရရှိခဲ့ကြောင်းနှင့် ဓားထောက်ပြီး အကြိမ်ကြိမ်အ ဓမ္မပြုကျင့်သူအား ဖမ်းဆီးခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

အဋ္ဌမတန်းကျောင်းသူ၏ မိခင်သည် ဇွန် ၇ ရက်က ရေဦးမြို့ဈေးမှ ဈေးရောင်းပြီး အပြန် ဓားထောက်အဓမ္မပြုကျင့်ခံခဲ့ရသည့် မ---(၁၅ နှစ်)မှာ နေမကောင်းသဖြင့် ၎င်းအား ရေဦးမြို့ဆေးခန်းပြရန်ခေါ်သွားရာမှ လမ်းတစ်နေရာတွင် သမီးဖြစ်သူမှာ ကိုယ်ဝန် ရှိနေသည့်လက္ခဏာတွေ့ရှိရသဖြင့် သမီးအား မေးမြန်းရာ မပြောပြကြောင်း၊ ကိုယ်ဝန် ရှိ မရှိ  စစ်ဆေးသည့် ပစ္စည်းဖြင့် စစ်ဆေးရာမှ ကိုယ်ဝန်ရှိမှန်း မိခင်မှ သိရှိရကြောင်း၊ ဓား ထောက်၍ အဓမ္မပြုကျင့်ခံခဲ့ရသည့် အဋ္ဌမတန်း ကျောင်းသူ၏ မိဘနှစ်ပါးစလုံး အလုပ်သွား ခိုက်ကို..........(၂၀ နှစ်) က နေအိမ်သို့ ရောက်လာလေ့ရှိကြောင်း၊ အဋ္ဌမတန်းကျောင်း သူ နှင့် ၁၂ နှစ်အ ရွယ် မောင်ဖြစ်သူတို့အတူရှိ နေစဉ် အဓမ္မပြု ကျင့်ခဲ့သူ ကို ------(၂၀ နှစ်) က အဋ္ဌမတန်းကျောင်းသူ၏ မောင်အား TV ကြည့်ရန် ချော့မော့စေလွှတ်ကာ သူမအား ခြိမ်းခြောက်ပြီး လေးကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့လာရောက်တိုင်း အဓမ္မပြုကျင့် သူသည် ခလုတ်ဓားတစ်လက်အမြဲ ယူဆောင် လာကြောင်း၊ မိဘများအား ပြန်ပြောမည်ဆိုပါ က သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိ ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဋ္ဌမ တန်းကျောင်းသူ၏ မိခင်က ခင်ဦးမြို့မရဲစခန်း တွင် တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် ဓား ထောက်ပြီး အဓမ္မပြုကျင့်ခဲ့သူ ကို----အား (ပ)၂၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent