မလှိုင်မြို့ အမှတ်(၄) မူလတန်းကျောင်းတွင် သိန်း ၃၆၀ ကျော် အကုန်အကျခံဆောက်လုပ်ခဲ့သော ကျောင်းဆောင်အား အသုံးမပြုရသေးမီ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ခဲ့ပြီး အသစ်ပြန်ဆောက်ရန် ကုမ္ပဏီသို့အကြောင်းကြားခဲ့သော်လည်း နှစ်နှစ်ကြာသည်အထိ ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိဟု သိရ

မလှိုင်မြို့ အမှတ်(၄) မူလတန်းကျောင်းတွင် သိန်း ၃၆၀ ကျော် အကုန်အကျခံဆောက်လုပ်ခဲ့သော ကျောင်းဆောင်အား အသုံးမပြုရသေးမီ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ခဲ့ပြီး အသစ်ပြန်ဆောက်ရန် ကုမ္ပဏီသို့အကြောင်းကြားခဲ့သော်လည်း နှစ်နှစ်ကြာသည်အထိ ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိဟု သိရ
Published 9 June 2018

မလှိုင်မြို့အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေး နှစ်က ပေ ၁၀၀၊ ပေ ၃၀ တစ်ထပ်ကျောင်းဆောင်အား ခင်ဆုသျှင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး သိန်း  ၃၆၀ ကျော်ကုန်ကျ ခဲ့သော်လည်း အသုံးမပြုရသေးမီနံရံအက်ကွဲမှုများ ဆိုးရွားစွာဖြစ်ပေါ်လာသဖြင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ်ဆုံးဖြတ်ကာ အသစ်ပြန်လည်ဆောက်လုပ်သင့်ပါကြောင်း အကြံပြုခဲ့ပြီးနှစ်နှစ်နီးပါး ကြာသည်အထိ ကုမ္ပဏီမှ ပြန်လည် ဆက်သွယ်ဆောက်လုပ်ပေးခြင်း  မရှိတော့သည့်အတွက် ကျောင်းသား၊ကျောင်းသူများမှ ယာယီကျောင်းဆောင်ဆောက်လုပ် ကာ ခက်ခဲစွာပညာသင်ကြားနေရကြောင်း မလှိုင်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှသိရှိရသည်။

“အခက်အခဲက ၂၀၁၆ ထဲကဆိုတော့ နှစ်နှစ်နီးပါးရှိတော့မယ်၊ တင်ပြတာကတော့ တောက်လျှောက်တင်ပြနေတာပဲ။ လွှတ်တော်မှာလည်း ဝန်ကြီးတွေဆီ မေးခွန်းတင်ပြထားတာရှိတယ်၊ ကြယ်ပွင့်မပြဆိုတော့ ခုထိလည်း မလာသေးဘူးပေါ့နော်” ဟု မလှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက ပြောကြားသည်။

“ကျွန်တော်တို့ ကျောင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်မှာ ခင်ဆုသျှင် ကုမ္ပဏီကနေပြီးတော့ အလျားပေ (၁၀၀)အနံပေ (၃၀)တစ် ထပ်အဆောက်အအုံဆောက်လုပ်ခွင့်ပေးခဲ့ တယ်၊ သူ့ရဲ့ဆောက်လုပ်ရေး ပြီးတဲ့အခါမှာ ဇွန်လမှာအဆောက်အအုံကိုသုံးစွဲခွင့်ရခဲ့တယ်၊ အဲဒီလိုသုံးစွဲပြီး အနည်းငယ်မှာပဲ နံရံ တွေအက်ကွဲနေတာကို တွေ့ရတယ်၊ အဲဒီလို သုံးရင်း အခြေအနေတော်တော်ဆိုးရွားလာလို့ မြို့နယ်ပညာရေးရုံးကို အဆင့်ဆင့်တင်ပြခဲ့တယ်၊ အဲဒီလိုတင်ပြတော့ မြို့နယ်က အကြီးအကဲတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တတိယအဖွဲ့အစည်းတွေပါ ကွင်းဆင်း စစ်ဆေးကြတယ်၊ အဲဒီလိုကွင်းဆင်းစစ်ဆေးပြီးတော့ ၂၀၁၇ ခုနှစ် မေလကနေက စစ်ဆေးတဲ့ ဒီအ ဆောက်အဦကို အထူးပြင်ဆင်ခြင်း မလုပ်ရန်နှင့် ဖျက်သိမ်းပြီး အသစ်ပြန်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်၊ အမြန်ဆုံးပြန်ဆောက်ပေး ဖို့ ညွှန်ချုပ်လက်မှတ်နဲ့ ထွက်ခဲ့ပါတယ်”ဟု  မလှိုင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

“လာမပြင်ဖူးပြောတော့ ချက်ချင်း ယာယီကျောင်းဆောင်ဆောက်လုပ်ရတယ်၊ အခက်အခဲကတော့ အများကြီးရှိတယ်၊ ယာယီ စာသင်ခန်းကတစ်ဖက်ကသင်ရင် တစ်ဖက်က ဘာမှသင်မရဘူး၊ အဲဒါနဲ့ ဒီကျောင်းဆောင်သစ်ထဲကို သင်လို့မရဘူးလားဆိုတော့လည်း  တကယ်လို့သင်လို့ က လေးတွေတစ်ခုခုဖြစ်ရင် ဆရာမကြီးတွေ တာဝန်ယူရမယ်၊ ဆရာမကြီးတွေခေါင်းဆိုတာနဲ့ ကျွန်မတို့ မသင်ရဲဘဲ အခု အခြေအနေဖြစ်သွားတာပဲ” ဟု မလှိုင်မြို့ အမှတ်(၄) မူလတန်းကျောင်း တာဝန်ခံဆရာမကြီး ဒေါ်ခင်မာကြွေ က ပြောကြားသည်။

Most Read

Most Recent