ဝက်စ်ဘရွန်းနောက်ခံလူ အီဗန်စ် လက်စတာအသင်းသို့ ပြောင်းရွှေ့

ဝက်စ်ဘရွန်းနောက်ခံလူ အီဗန်စ် လက်စတာအသင်းသို့ ပြောင်းရွှေ့
Published 9 June 2018

လက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့ရသည့် ဝက်စ်ဘရွန်းအသင်းနောက်ခံလူ အီဗန်စ်ကို (၃)နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

အသက် (၃၀)နှစ်ရှိပြီဖြစ်သည့် မြောက်အိုင်ယာလန် နောက်ခံလူ အီဗန်စ်ကို လက်စတာအသင်းက ပြောင်းရွှေ့ကြေး ပေါင် (၃.၅)သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။ လက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက အီဗန်စ်အား ပေါင် (၂၅)သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးကာ ပယ်ချခံခဲ့ရပြီး ယခုအချိန်တွင်မူ ဝက်စ်ဘရွန်းအသင်းမှာ တန်းဆင်းသွားခဲ့ပြီဖြစ်သောကြောင့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။

လက်စတာနည်းပြ ဖျူရယ်လ်က " ဂျွန်နီ (အီဗန်စ်)ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံမြင့်မားတဲ့ ကစားသမားတစ်ဦးပါပဲ။ သူ့ကို ကျွန်တော်တို့ ဘာလို့ခေါ်ယူခဲ့တာလည်း ဆိုတာကို သူသိပါတယ်။ အသင်းကို သူ အများကြီး ကူညီပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် " ဟု ပြောကြားခဲ့သည်။ အီဗန်စ်သည် ၂၀၁၅ နွေရာသီအတွင်းက မန်ယူအသင်းမှ ဝက်စ်ဘရွန်းအသင်းတို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဘရွန်းအသင်းတွင် ပြိုင်ပွဲစုံ (၉၆)ပွဲကစားကာ (၅)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent