ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန် လိုအပ်သည့်နည်းပညာအကူအညီများကို စက်မှုဝန်ကြီးဌာနသို့ အကူအညီတောင်းခံနိုင် ဟုဆို

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန် လိုအပ်သည့်နည်းပညာအကူအညီများကို စက်မှုဝန်ကြီးဌာနသို့ အကူအညီတောင်းခံနိုင် ဟုဆို
Published 4 June 2018

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် လိုအပ်သည့်နည်းပညာ အအကူအညီများကို စက်မှုဝန်ကြီးဌာနသို့ အကူအညီတောင်းခံနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတို့ပူးပေါင်းပြီး SME  လုပ်ငန်းရှင်များအား နည်းပညာ ၁၀ မျိုးထုတ်လုပ်မှုနည်း ပညာသင်တန်းကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၁ ရက်နှင့် ၂ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦး စီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ SME လုပ်ငန်းရှင်များမှ တောင်းခံလာသည့် နည်းပညာလိုအပ်ချက်များကို စုစည်းပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ပေးပို့ပြီး နည်းပညာများဖြန့်ဝေပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှလည်း လုပ်ဆောင်ပေးနိုင်သည့် နည်းပညာများအား ကူ ညီဆောင်ရွက်ပေးခဲ့ကြောင်း စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

နည်းပညာဖြန့်ဝေသည့် သင်တန်းပထမနေ့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသင်းသင်းဝါမှ ကော်ဖီဝိုင်ထုတ်လုပ်သည့်နည်းပညာနှင့် ငှက်သိုက်ပေါင်းရည်ကြာရှည်ခံ ထုတ်လုပ်မှုနည်းပညာ၊ ဆရာကြီး ဦးတင်လင်းမှ အပူစွမ်းအင်မြင့် ထင်းမီးဖိုတည်ဆောက်သည့်နည်းပညာ၊ သုံးပြီးအကြော်ဆီမှ ဆပ်ပြာထုတ်လုပ်သည့် နည်းပညာနှင့်ကော်မှ သကြားရည်အပျစ် ထုတ်လုပ်သည့် နည်းပညာတို့ကို Power point ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါနည်းပညာဖြန့်ဝေသည့် သင်တန်းအား  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်မှ သင်တန်းသားများ တက်ရောက်သင်ကြားခဲ့သည်။

Most Read

Most Recent