၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သော်လည်း စာမေးပွဲအောင်မြင်မှု နှစ်ရာခိုင်နှုန်း ကျဆင်း

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သော်လည်း စာမေးပွဲအောင်မြင်မှု နှစ်ရာခိုင်နှုန်း ကျဆင်း
Published 4 June 2018

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့သော်လည်း နှစ်ရာခိုင်နှုန်း စာမေးပွဲအောင်မြင်မှု ကျဆင်းခဲ့ကြောင်း လဟယ်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။

အဆိုပါဒေသတွင် စာမေးပွဲအောင်ချက် နှစ်ရာခိုင်နှုန်း ကျဆင်းသွားရခြင်း၏ အကြောင်းရင်းသည် ကျောင်းဆရာ၊ ကျောင်းဆရာမ မလုံလောက်ခြင်းကြောင့် ယင်းကဲ့သို့ စာမေးပွဲအောင်ချက်ရာခိုင်းနှုန်း ကျဆင်းသွားတာဖြစ်ကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်း စသည့်မြို့နယ်တို့တွင်၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့သည့် နာဂကလေးငယ်အချို့သည်လည်း ဂုဏ်ထူးထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ရှိခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင်၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို အောင်မြင်သူ ၄၁ ဦး ရှိခဲ့ပြီး တစ်ဘာသာဂုဏ်ထူး ထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးနှင့် နှစ်ဘာသာဂုဏ်ထူး ထွက်ရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူ နှစ်ဦးရှိခဲ့ကြောင်း၊ ဆွမ္မရာမြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၂ ဦးရှိခဲ့ပြီး တစ်ဘာသာဂုဏ်ထူး ထွက်ရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူ တစ်ဦးနှင့် နှစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

အလားတူ လဟယ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်သူ ၂၁ ဦးရှိခဲ့ပြီး တစ်ဘာသာဂုဏ်ထူး ထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူခြောက်ဦးနှင့် နှစ်ဘာသာဂုဏ်ထူးထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးရှိခဲ့ကြောင်း နန်းယွန်းမြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်သူ ၃၆ ဦး ရှိခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးရှိခဲ့ကြောင်း ပန်ဆောင်မြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၅ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးထွက်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူနှစ်ဦး ရှိခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်နှင့် ဆွမ္မရာမြို့နယ်တု့ိတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၁၂၅ ဦးအထိ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၄၇၅၉ ဦးရှိခဲ့ပြီး ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃၆၅၃၃ ဦးအထိ ရှိခဲ့ကြောင်း အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၃၄ ဒသမ ၈၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent