နိုင်ငံအသင်းနည်းပြအလုပ်မှာ သူ့အတွက် အလှမ်းဝေးလွန်းသည်ဟု မန်ယူအသင်းနည်းပြ မော်ရင်ဟို ပြောကြား

နိုင်ငံအသင်းနည်းပြအလုပ်မှာ သူ့အတွက် အလှမ်းဝေးလွန်းသည်ဟု မန်ယူအသင်းနည်းပြ မော်ရင်ဟို ပြောကြား
Published 3 June 2018

Photo: Getty Images

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်နည်းပြရန်မှာ ၎င်းအတွက် အလှမ်းဝေးလွန်းသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

မော်ရင်ဟိုသည် နိုင်ငံအသင်းတစ်သင်းသင်းကို ကိုင်တွယ်နည်းပြရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ကလပ်အသင်းနည်းပြအလုပ်ကိုသာ ပိုစိတ်ဝင်စားကြောင်း ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မော်ရင်ဟိုက "လက်ရွေးစင်အသင်း နည်းပြရာထူးလား။ မဖြစ်နိုင်ပါဘူး။ ကျွန်တော်နဲ့ အလှမ်းဝေးလွန်းပါတယ်။ ကလပ်အသင်းကို နည်းပြတာကမှ ကျွန်တော့်အလုပ်လို့ ထင်ပါတယ်။ ကျွန်တော်က အပတ်တိုင်းပွဲကစားရတာ၊
နေ့တိုင်း လေ့ကျင့်ရတာကိုပဲ ကြိုက်ပါတယ်။ လက်ရွေးစင်အသင်းနည်းပြလုပ်ဖို့က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီအလုပ်က ကျွန်တော်နဲ့ အလှမ်းဝေးလွန်းပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ရာသီသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး၊ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်အပါအဝင် နာမည်ကျော်ကစားသမားများကို ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent