ဘယ်လ်ဂျီယံအသင်းအတွက် ပထမဆုံး ပွဲ(၁၀၀)ပြည့် ကစားသူအဖြစ် ဗာတွန်ဂန် မှတ်တမ်းဝင်

ဘယ်လ်ဂျီယံအသင်းအတွက် ပထမဆုံး ပွဲ(၁၀၀)ပြည့် ကစားသူအဖြစ် ဗာတွန်ဂန် မှတ်တမ်းဝင်
Published 3 June 2018

Photo: Getty Images

စပါးအသင်းနောက်ခံလူ ဗာတွန်ဂန်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ပွဲ(၁၀၀)ပြည့် ကစားသည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဗာတွန်ဂန်သည် ယမန်နှစ်က ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ပေါ်တူဂီနှင့် ဂိုးမရှိသရေကျခဲ့သည့် ခြေစမ်းပွဲတွင် ပွဲထွက်ပါဝင်ခဲ့ပြီးနောက် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယံအသင်းတွင် ဒုတိယပွဲအများဆုံး ကစားထားသူမှာ ဂျန်ဆီလီမန်းဖြစ်ပြီး ၁၉၇၇ မှ ၁၉၉၁ ခုနှစ်အထိ (၁၄)နှစ်တာ ကာလအတွင်း ပွဲပေါင်း (၉၆)ပွဲ ကစားခဲ့ခြင်း ဖြစ်သည်။

ဗာတွန်ဂန်(၃၁ နှစ်)သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတွင် ၂၀၀၇ ခုနှစ်က စတင် ကစားခဲ့သူဖြစ်ပြီး၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အသင်းတွင်လည်း ပါဝင်လျက်ရှိရာ ပွဲအများဆုံးကစားသည့် စံချိန်ကို ထပ်မံတိုးမြှင့်နိုင်ဦးမည်
ဖြစ်သည်။

Most Read

Most Recent