သိန်းနီမြို့နယ်တွင် တစ်ရက်အတွင်း ကိုယ်ပိုင်ကားသုံးစီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

သိန်းနီမြို့နယ်တွင် တစ်ရက်အတွင်း ကိုယ်ပိုင်ကားသုံးစီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
Published 22 August 2017

သိန်းနီမြို့နယ်တွင် တစ်ရက်အတွင်း ကိုယ်ပိုင်ကားသုံးစီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမြင့်မြတ် ဦးဆောင်သော သစ်တောဝန်ထမ်း ငါးဦးပါ အဖွဲ့တို့သည် သြဂုတ် ၁၅ ရက် မွန်းတည့် ၁၂နာရီအချိန်တွင် လားရှိုး- မူဆယ် လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၆/ ဝ) နားဆော့ကျေးရွာနေရာတွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ ရပ်ထားသော ယာဉ်အမှတ် YGN - --- WINGEROAD (ခဲရောင်) ပေါ်မှ တရားမဝင် ပိတောက်ဓားရွှေ ၁၃ တုံး ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ယင်းနေ့ နေ့လယ် ၁၂နာရီ ၄၅ မိနစ်ခန့်တွင် လားရှိုး- မူဆယ် လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၇/ ဝ) စံလောင်းကျေးရွာ ခန့်မှန်းနေရာတွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ ရပ်ထားသော ယာဉ်အမှတ် MDY ----- ODYSSEY (အနက်ရောင်) ပေါ်မှ တရားမဝင် ပိတောက်ဓားရွှေ ၄၃ တုံးအား လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် လားရှိုး- မူဆယ် လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၁/ ဝ) ပန်ဖတ်ကျေးရွာ ခန့်မှန်းနေရာတွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ယာဉ်အမှတ် MDY----- FUSO တွဲကား (ဖြူ /ပြာ) ပေါ်မှ တရားမဝင် ပိတောက်သစ် ခုနစ်လုံး၊ ပိတောက်ဓားရွှေ ၇၅ တုံး ဖမ်းဆီးရမိခဲ့ပြီး သစ်များအား ဦးစီးအရာရှိ ရုံးဝင်းအတွင်း သယ်ယူသိမ်းဆည်း၍ ဆက်စပ် ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ပပက ၆ (၁) ဖြင့် အရေးယူပေးနိုင်ရန် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent