<

ကျောက်မဲမြို့ မြို့နယ်သစ်တောဦးစီးမှူး၏ ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

ကျောက်မဲမြို့ မြို့နယ်သစ်တောဦးစီးမှူး၏ ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မြို့နယ်သစ်တောရုံးဝင်းအတွင်း ဇွန် ၁ ရက် ည ၁၀ နာရီ မိနစ် ၃၀ က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ ကျောက်မဲမြို့၊  မြို့နယ်သစ်တောရုံးဝင်းအတွင်း ရပ်တန့်ထားသည့် မတ်တူးအမျိုးအစား ခဲရောင် မော်တော်ယာဉ်အောက်တွင် ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကျောက်မဲမြို့နယ် သစ်တောဦးစီးမှူး ပိုင်ဆိုင်သည့် ခဲရောင်မတ်တူး ဆလွန်းယာဉ် ကားဘန်ဘာ၊ အင်ဂျင်နှင့် ရေတိုင်ကီတို့ ပျက်စီးခဲ့သည်။

“မနေ့ညက မြို့နယ်သစ်တောရုံးဝင်း အတွင်းမှာ ရပ်ထားတဲ့ မတ်တူးကားအောက်ပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားတာပါ။ ပေါက်ကွဲမှုကြောင့် ကားအောက်ပိုင်း ပျက်စီးသွားတယ်။ လူထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး” ဟု ကျောက်မဲမြို့မှ ပရဟိတ လူမှုကူညီရေးများ ဆောင်ရွက်နေသူ ဦးတင်မောင်သိန်းက ပြောကြားသည်။

ကျောက်မဲမြို့တွင် ယခင်က မြို့ပတ်ဝန်းကျင်နှင့် မြို့တွင်းနေရာအချို့တွင် မိုင်းထောင်ဖောက်ခွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

June 2, 2018














Copy Protected by Chetan's WP-Copyprotect.