မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် အောင်လံမြို့နယ် စခန်းကြီးကျေးရွာ သချုႋင်းမှ အုတ်ဂူများ ချောင်းရေတိုက်စား ပျက်စီးမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် အောင်လံမြို့နယ် စခန်းကြီးကျေးရွာ သချုႋင်းမှ အုတ်ဂူများ ချောင်းရေတိုက်စား ပျက်စီးမှုဖြစ်ပွား
Published 3 June 2018

ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် စခန်းကြီးကျေးရွာ သချုႋင်းမှ အုတ်ဂူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်လံမြို့နယ်ရဲတပ်ဖွဲ့)

မကွေးတိုင်းဒေသကြီးတွင် ဇွန် ၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်လံမြို့နယ် ကျောက်ပန်းတောင်းကျေးရွာအုပ်စု စခန်းကြီးကျေးရွာ သချုႋင်းကုန်းရှိ အုတ်ဂူများ ချောင်းရေနောက် မျောပါပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စခန်းကြီးကျေးရွာရှိ သချုႋင်းကုန်းချောင်းမှ ချောင်းရေကြီးမှုကြောင့် ကျေးရွာ ချုႋင်းကုန်းမှ အုတ်ဂူရှစ်လုံးခန့်အထိ ချောင်းရေတိုက်စား ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ထိုသို့ချောင်းရေကြောင့် သချုႋင်းပျက်စီးမှုမှာ ယခင်က မဖြစ်ပွားခဲ့ဖူးကြောင်း ယခုနှစ်မှသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညက မိုးများလို့ ဒီဘက်မှာ လမ်းတွေ ဘာတွေ ပျက်သွားတာမျိုးတွေလည်း ရှိပါတယ်။ စခန်းကြီးရွာက သချုႋင်းကုန်းက အုတ်ဂူတွေ ချောင်းရေကြီးလို့ ချောင်းရေကြောင့် ပျက်စီးတာမျိုးတွေ ဖြစ်သွားခဲ့ပါတယ်။ အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။ အခုမှ ဖြစ်တာပါ။ အုတ်ဂူပျက်သွားတော့ သချုႋင်းထားတဲ့ တချို့ရုပ်အလောင်းတွေ ပေါ်တာမျိုး ရှိပါတယ်။ ဒါတွေကိုလည်း သေသွားတဲ့ လူတွေရဲ့ ဆွေမျိုးတွေက ပြန်လည်ပြုပြင် သြင်္ဂိုဟ်တာမျိုးတွေ လုပ်နေပါတယ်” ဟု ကျောက်ပန်းတောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ချောင်းရေကြီးပြီး သချုႋင်းပျက်စီးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သချုႋင်းမှ အုတ်ဂူရှစ်လုံးခန့်အထိ ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၅၀၀၀၀ ခန့်အထိ ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။

 

Most Read

Most Recent