လုပ်သား အများအပြားလိုအပ်သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ကမ္ဘာ့တန်ဖိုးကွင်းဆက်များဖြင့် ချိတ်ဆက်ခြင်းသည် အရည်အသွေးမြင့်အလုပ်များဖန်တီးရန် အဓိကသော့ချက်ဖြစ်ဟုဆို

လုပ်သား အများအပြားလိုအပ်သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ကမ္ဘာ့တန်ဖိုးကွင်းဆက်များဖြင့် ချိတ်ဆက်ခြင်းသည် အရည်အသွေးမြင့်အလုပ်များဖန်တီးရန် အဓိကသော့ချက်ဖြစ်ဟုဆို
Published 3 June 2018

လုပ်သားအများအပြားလိုအပ်သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ကမ္ဘာ့တန်ဖိုးကွင်းဆက်များဖြင့် ချိတ်ဆက်ခြင်းသည် အရည်အသွေးမြင့်အလုပ်များ ဖန်တီးရန် အဓိကသော့ချက်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် Myanmar's Future Jobs: Embracing Modernity အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ နစ်နာမှုများကို တုံ့ပြန်ရေးနှင့် ခြေရာကောက်ရေးအတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန်၊ မသင့်လျော်သောရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ရှောင်ရှားနိုင်ရေးအတွက် ဆီလျော်သော မူဝါဒညှိနှိုင်းမှုများရှိစေရန်၊ လုံလောက်သော အစိုးရ-ပုဂ္ဂလိက ဆွေးနွေး ပွဲများရှိစေရန် သင့်လျော်သော လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ခိုင်မာစေရန် မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ရန် ထောက်ပြထားသည်။

ပြည်တွင်းမှ သွင်းအားစုပေးနိုင်သော လုပ်ငန်းများနှင့် တင်ပို့သူများအကြား ချိတ်ဆက်မှုများ ဖန်တီးခြင်းသည် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ချဲ့ ထွင်ခြင်းနှင့် အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် ရင်းမြစ်ဖြစ်ရုံသာမက အဆိုပါပြည် တွင်းလုပ်ငန်းများ နိုင်ငံတကာမိတ်ဖက်များ နှင့် လုပ်ငန်းများချိတ်ဆက်ပါက ထုတ်ကုန်စွမ်းအား တိုးတက်စေနိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ကဏ္ဍများတွင် သင့်လျော်သော နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများဆို ဆွဲဆောင်ခြင်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပို့သယ်ယူ ပို့ဆောင်ရေးနှင့် အခြားသော ချိတ်ဆက်မှု များတိုးမြှင့်ခြင်း၊ အရည်အသွေးမြင့် အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အကျိုးကျေးဇူးများနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များမှ အသိပညာလွှဲပြောင်းရယူမှုများကို အမြင့်မားဆုံး ရရှိရန်အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ပိုမို အားကောင်းစေရန်၊ အလုပ်သမားများအား ၎င်းတို့၏ စွန့်ဦးတီထွင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ အဆင့်မြှင့်တင်စေနိုင်ရန် လုပ်ငန်းများမှ ထောက်ပံ့ပေးသော လေ့ကျင့်သင်ကြားရေးကျောင်းများ ဖန်တီးခြင်းတို့ လိုအပ်ကြောင်း ထောက်ပြထားသည်။

ပြည်တွင်း၌ မရရှိနိုင်သည့် ကျွမ်းကျင်မှုများနှင့် ဝင်ငွေကြောင့် မြန်မာနိုင်ငံသား သုံးသန်းခန့်အထိ နိုင်ငံပြင်ပတွင် နေထိုင်လျက်ရှိပြီး အာဆီယံဒေသတွင်း နိုင်ငံများ၌ အသားတင် ပြည်ပပြောင်းရွှေ့မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း မြန်မာအလုပ်သမားများသည် စီမံခန့်ခွဲမှုမှသည် စာအရေးအသားအထိ ကျွမ်းကျင်မှုပေါင်းစုံတွင် ကွာဟနေသည်ဟု အလုပ်ရှင်များက ပြောကြားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ အလုပ်သမားများ၏ သုံးပုံနှစ်ပုံမှာ အလယ်တန်းနှင့် အလယ်တန်းအထက် ပညာသင်ကြားဖူးသူများဖြစ်ကြသည်။ သို့သော်လည်း အလုပ်သမားအများစုမှာ ကျောင်းပညာရေးနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent