မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ အလယ်တန်း ကျောင်းတစ်ကျောင်းတွင် ကျောင်းဝရန်တာ ပြိုကျမှုဖြစ်ပွားပြီး ကလေးငယ်အချို့ ဒဏ်ရာရရှိ

မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ အလယ်တန်း ကျောင်းတစ်ကျောင်းတွင် ကျောင်းဝရန်တာ ပြိုကျမှုဖြစ်ပွားပြီး ကလေးငယ်အချို့ ဒဏ်ရာရရှိ
Published 2 June 2018

မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဝရန်တာ ပြိုကျမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သံလွင်ကျေးရွာအုပ်စုရှိ တွဲဖက်အလယ်တန်း ကျောင်းတစ်ကျောင်းတွင် ကျောင်း စတင် ဖွင့်လှစ်သည့် ဇွန် ၁ ရက် နံနက် ၈ နာရီ ခွဲဝန်းကျင်က ကျောင်းနှစ်ထပ်ဆောင် ဝရန်တာပြိုကျမှုဖြစ်ပွားပြီး ကလေးငယ်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မိုးကုတ်မြို့နယ် သံလွင်ကျေးရွာရှိ တွဲဖက်အလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၆၀၀ ဝန်း ကျင်တက်ရောက် ပညာသင်ကြားနေခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သွားရောက်ကူညီ ဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက“တွဲဖက် အလက ကျောင်းပါ။ ဖြစ်တာက နံနက် ၈ နာ ရီ ၄၅ မိနစ်မှာ ဝရန်တာရဲ့ ကြမ်းပြင် လျှောကျပြီး ကလေးတစ်ယောက်ကတော့ အဲဒီကြမ်းပြင်ပေါ်ကနေ အောက်ပြုတ်ကျပါသွားတယ်။ အဲဒီကလေးက ခါး ထိခိုက် ဒဏ်ရာရလို့ ဆေးရုံကြီးမှာ ဓာတ်မှန်ရိုက် စစ်ဆေးမှုတွေ လုပ်ပေးထားပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမျိုး မဟုတ်ဘူးလို့တော့ ဆေးရုံက ပြောပါတယ်။ အခြားထိခိုက်မှုလည်း သိပ်မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဖြစ်စဉ်သတင်း ရောက်ရောက်ချင်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ မြို့နယ်ကြက်ခြေနီအသင်းနဲ့ အရန်မီးသတ်တပ်ဖွဲ့က သွားရောက်ခဲ့ပြီး ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်”ဟု ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က အွန်လိုင်းမှာ သတင်းတစ်ခု တက်လာတာ တွေ့လိုက်တဲ့အတွက် သွားရောက်ပြီး ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ သွားခဲ့တာပါ။ ဖြစ်တာက သံလွင်ကျေးရွာအုပ်စု ထခွဲ (၃) မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ဒဏ်ရာရတဲ့ ကလေးတွေ မရှိတော့ဘူး။ ဆေးရုံရောက်တဲ့အခါမှာ ဆိုးဆိုးရွားရွားမြ ဖစ်ဘူးလို့ သိရတယ်” ဟု မိုးကုတ်မြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

Most Read

Most Recent