မုန်တိုင်းကြောင့် သရက်ဆိပ်ကမ်းတွင်ရပ်ထားသည့် စက်လှေ (ပဲ့ထောင်) ၂၁ စင်း နစ်မြုပ်ပျက်စီး

မုန်တိုင်းကြောင့် သရက်ဆိပ်ကမ်းတွင်ရပ်ထားသည့် စက်လှေ (ပဲ့ထောင်) ၂၁ စင်း နစ်မြုပ်ပျက်စီး
Published 31 May 2018

နစ်မြုပ်ခဲ့သည့် စက်လှေအများစုအား မေ ၃၁ ရက် နံနက်ပိုင်းက ပြန်လည်ဆယ်ယူနေစဉ်

မုန်တိုင်းကြောင့် သရက်မြို့ ဧရာဝတီမြစ် ဆိပ်ကမ်းတွင် ရပ်ထားသည့် စက်လှေ (ပဲ့ထောင်) ၂၁ စင်း နစ်မြုပ်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်လှေ ၂၁ စင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်းသို့ နစ်မြုပ်ခဲ့ပြီး လက်ရှိတွင် စက်လှေများ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်၊။

“အခုကတော့ စက်လှေဆယ်ယူမှုတွေ လုပ်နေပါတယ်။ တချို့စက်လှေတွေက တော်တော်ပျက်စီးသွားတာမျိုး တွေ့ရပါတယ်။ အကုန်လုံးတော့ မဆယ်နိုင်သေးပါဘူး။ စက်လှေသမားတွေတော့ နစ်နာတာပေါ့” ဟု သရက်မြို့ခံ ကိုခင်မောင်စိုးက ပြောကြားသည်။

“လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေအစင်း ၂၀ ကျော် နစ်မြုပ်သွားတာ ဟုတ်ပါတယ်။ စက်လှေတချို့ တော်တော်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ ဒီပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး ထောက်ပံ့မှုရအောင် တိုင်းအစိုးရအဖွဲ့ကို တင်ပြတောင်းဆိုမှုတွေ လုပ်မှာပါ” ဟု သရက်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဇော်မိုးအောင်က ပြောကြားသည်။

လက်ရှိတွင် မေ ၃၁ ရက် နံနက်ပိုင်းအထိ နစ်မြုပ်ခဲ့သည့် စက်လှေအများစု ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး စက်လှေတစ်စင်းလျှင် ပျမ်းမျှ သိန်း ၃၀ ကျော်အထိ တန်ဖိုးရှိကြောင်း သိရသည်။

Most Read

Most Recent