ဟားခါးမြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး

ဟားခါးမြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး
Published 31 May 2018

မေလ ၃၁ ရက် (ယနေ့) နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်တွင် ရှိသော နေအိမ် နှစ်အိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။

“ ဒီ မနက် မေလ ၃၁ ရက် ၊ ၁ နာရီ ၄၅ မိနစ် မှာ စလောင်ပါတယ် ။ ဒေါ်ဝေကျဲမ်းရဲ့ တိုက်ခန်းကနေ စလောင်ပါတယ်ဗျ ။ မီးဖို မီးကြွင်း မီးကျန်ကနေပေါ့ ။ အဆောက်အဦး နှစ်လုံး လောင်သွားပါတယ် ။ ဒေါ်ဝေကျဲမ်းရဲ့ တိုက်ခန်း ၄၀ x ၃၂ ပေ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း နှစ်ထပ် ၊ ဒေါ်လှူငွားရဲ့ ဆိုင်ခန်း ဖွင့်လှစ်ထားသော ( ၄၈ x ၃၂ x ပေ သွပ်မိုး အုတ်ကာ ၊ ပျဉ်ခင်း ၊ သုံးထပ် တစ်လုံး နဲ့ အဆောက်အဦး နှစ်လုံး ဆုံးရှုံးပါတယ် ။ မီး ကို ထိန်းချုပ်နိုင်တာက ဒီ မနက် ၂ နာရီ ၄၀ မိနစ် မှာပါ ။ မနက် ၃နာရီ ၃၀ မိနစ် မှာ လုံး၀ မီးငြိမ်းသတ်နိုင်ပါတယ် ။ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပါတယ် ။ ” ဟု ဟားခါးမြို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် ဝန်းကျင် အချိန်ခန့် က ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ အိမ်ရှင် ဒေါ်ဝေကျဲမ်း၏ နေအိမ် မီးကြွင်းမီးကျန်မှ တဆင့် မီးကူးစက် လောင်ကျွမ်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။ မီးလောင်ကျွမ်းမှုကြောင့် ( ၄၀ x ၃၂ ) ပေ ၊ သွပ်မိုး ၊ ပျဉ်ကာ ၊ ပျဉ်ခင်း ၂ ထပ် အိမ် ၁ လုံး ၊ ဒေါ်လှူငွာ၏ ဆိုင်ခန်း ဖွင့်လှစ်ထားသော ( ၄၈ x ၃၂ x ပေ သွပ်မိုး အုတ်ကာ ၊ ပျဉ်ခပ် ၃ ထပ် တစ်လုံး ၊ စုစုပေါင်း အဆောက်အဦး နှစ်လုံး ဆုံးရှုံးခဲ့သည်ဟု သိရှိရပါသည် ။ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားခဲ့သည့် အမျိုးသမီး သုံးဦးမှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် အိမ်ရှင် ဒေါ်ဝေကျဲမ်း ( ၉၀ နှစ် ) ၊ မဗန်ဘွေဇီး ( ၄၅ နှစ် ) ၊ ဒေါ်လှူငွာ ( ၈၂ နှစ် ) တို့ ဖြစ်သည် ။

အဆိုပါ မီးလောင်နှင့် ပတ်သက်၍ ဟားခါးမြို့နယ် ရဲစခန်းမှ ပြစ်မှု အမှတ် (ပ ) ၂၁၆ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ / ၃၀၄ ( က ) / ၃၃ရ တို့ဖြင့် အရေးယူ ဆောင်ရွက်ထားသည်ဟု သိရှိရပါသည်။

Most Read

Most Recent