သမီးရည်းစားကိစ္စ အဆင်မပြေရာမှ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား

သမီးရည်းစားကိစ္စ အဆင်မပြေရာမှ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား
Published 29 May 2018

ဒဂုံမြို့နယ်တွင် သမီးရည်းစားကိစ္စ အဆင်မပြေရာမှ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မေ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆွဲကြိုးချသေဆုံးသည့် အမျိုးသမီးမှာ ဒဂုံမြို့နယ် ပြည်လမ်းအနောက်ရပ်ကွက်ရှိ ခြောက်ခန်းတွဲ နှစ်ထပ်တိုက်တစ်တိုက်တွင် နေထိုင်သည့် မ....(၂၈ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် မေ ၂၇ ရက်နံနက်ပိုင်းက နေအိမ်လိုင်းခန်း ရေချိုးခန်းအတွင်း၌ အမျိုးသမီးခြုံပုဝါအား ကြိုးအဖြစ်အသုံးပြုကာ ဆွဲကြိုးချ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများရောက်ရှိလာပြီး စစ်ဆေးရာ ၎င်းသည် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက သေဆုံးသူ မ....(၂၈ နှစ်) ၏ ဆွေမျိုး များအားမေးမြန်းရာ ၎င်းမှာ သမီးရည်းစား ကိစ္စအဆင်မပြေသဖြင့် စိတ်ညစ်နေသူတစ်ဦးဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent