စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 28 May 2018

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းအား ခန့်အပ်ရန် နေပြည်တော်၌ ယနေ့ (မေ ၂၈ ရက်) တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

စီမံကိန်းနှင့့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ဝင်းသည် မေလ ၂၅ ရက်က ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုက်ခြင်းကြောင့် ဦးစိုးဝင်းအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားခြင်း ဖြစ်သည်။

ဦးစိုးဝင်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန်ကိစ္စနှင့် ပတ်သက်၍ လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ဦးစိုးဝင်းသည် အသက် ၈၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပညာအရည်အချင်းမှာ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA , BL , DMA) အသီးသီး ရရှိထားကာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent