ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ
Published 27 May 2018

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ စစ်ဘေးရှောင်များအား လာရောက် လှူဒါန်းသူများနှင့်အတူ တွေ့ရစဉ်

ချင်းပြည်နယ်  ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများသည် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြပြီး အကူအညီများ လိုအပ်နေဆဲဟု သိရသည်။ မေ ၁၈၊ ၁၉ ရက်က ကူချောင်းဖျား ကျေးရွာမှ ဒေသခံများသည်  ဇဉ်ဘောင်းပြင် ကျေးရွာသို့ ခြေကျင်ထွက်ပြေး လာခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ အခုတိုက်ပွဲတွေ ဖြစ်လို့ လူထုတွေက ထွက်ပြေးတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့ ရွာတွေမှာပဲ ကျွန်တော်တို့ သွားပြီးတော့ သူတို့ရဲ့ အဓိက အရေးပေါ် လိုအပ်နေတဲ့ စားဝတ်နေရေးနဲ့ အဝတ်အထည် လေးတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတ အဖွဲ့ကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ ပူးပေါင်းပြီး လုပ်ပေးတာမျိုးတော့ ရှိပါတယ်။  အခုဒီရက်ပိုင်းမှာ ပြောင်းတာက ကူချောင်းဖျားဆိုတဲ့ ကျေးရွာရှိပါတယ်။ တစ်ရွာပဲ အခုလောလော    ဆယ်ပြေးလာတဲ့ ရွာပေါ့။ သူတို့က ကူချောင်းဖျား ကျေးရွာကနေ ဇဉ်ဘောင်းပြင်ရွာကနေ ပြေးလာတာ  သူတို့ပြေးလာတာ အိမ်ခြေ ၁၂ အိမ်ထောင်စု၊ လူဦးရေ ၅၉ ဦး ပြောင်းလာတယ်။ ကူချောင်းဖျားမှာတော့ လေးအိမ်ထောင်စု၊ လူဦးရေ ၁၆၊ ၁၇  ဦးလောက် ကျန်သေးတယ်ပြောတယ်။ သူတို့ကလည်း အဲဒီနေရာက ဖုန်းလိုင်းလည်း မမိဘူး။ အဆက်အသွယ်ကလည်း မရ၊ သွားလည်း မသွားရဲဘူး အဲဒီလိုမျိုးပြောတယ်။ ကူချောင်းဖျားနဲ့ ဇဉ်ပြောင်းပြင် ကျေးရွာက ခြေကျင်ပဲ သွားရတယ်။ သူတို့ နံနက် ၈ နာရီလောက်ကတည်းက ရွာကနေ လမ်းလျှောက်လာရင် ညနေ ၃ နာရီလောက်ဆိုရင် ဇဉ်ဘောင်းပြင်ရွာကို ရောက်တယ် ပြောတယ်။ အဲဒီနေရာက ရေကြောင်းလမ်းလည်း မရှိဘူး။ ယာဉ်တွေလည်း သွားမရဘူး” ဟု ပလက်ဝမြို့ဒေသခံကို ကျော်အောင်က ပြော ကားသည်။

လွန်ခဲ့သည့် ငါးလကျော် ခြောက်လက တိုက်ပွဲများကြောင့် ကုန်ပြေကျေးရွာမှ ထွက်ပြေးလာသော ဒေသခံများ အနေဖြင့်လည်း ယနေ့အချိန်အထိ ရှင်းလက်ဝကျေးရွာတွင် ဆက်လက် နေထိုင်ကြဆဲ ဖြစ်သည်ဟု သိရသည်။

“အရင် ထွက်ပြေးလာတဲ့ ဒုက္ခသည် စခန်းတွေက ရှိသေးတယ်။ အခု ကုန်ပြေကျေးရွာက အိမ် ၆၇ အိမ်လူဦးရေ ၃၃၄ ယောက်ကတော့ ရှင်းလက်၀ ကျေးရွာမှာ နေကြတယ်။ သူတို့ ထွက်ပြေးလာတာက ငါးလ၊ ခြောက်လလောက် ရှိရော့မယ် ။ အခုထိ မပြန်နိုင်သေးဘူး” ဟုကို ကျော်အောင်က ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent