<

ဦးနေ၀င်း၏မြေးနှစ်ဦးက ကန်ကျောက် ထိုးကြိတ်ခဲ့သည်ဟုဆိုသည့်အမှု လာမည့်ရုံးချိန်းတွင် ပုဒ်မတပ်သင့်၊ မတပ်သင့် ဆုံးဖြတ်မည်

ဦးနေ၀င်း၏ မြေးနှစ်ဦးက ကန်ကျောက် ထိုးကြိတ်သည်ဟုဆိုကာ YBS ယာဉ်မောင်း၏ တိုင်တန်းမှုအား လာမည့်ရုံးချိန်းတွင် ပုဒ်မ တပ်သင့်၊ မတပ်သင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း မေ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်မှ နှစ်ဖက်အပြန်အလှန်စစ်ချက်များ သောင်ကြီးနယ်မြေစခန်းမှ လှိုင်သာယာတရားရုံးသို့ ရောက်ရှိလာသဖြင့် မေ ၂၅ ရက်တွင် မစစ်ဆေးဖြစ်ဘဲ ဇွန် ၁ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

“ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းကို ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်ထားတဲ့အခါမှာ ခရိုင်တွဲဖက် တရားသူကြီး (၁) ကနေပြီးတော့ ဒီနေ့ ကျွန် တော်တို့ကို ရုံးချိန်းချိန်းဆိုပါတယ်။ ချိန်းဆိုတဲ့အခါမှာ တရားသူကြီးက ကျွန်တော်တို့ကို ပုဒ်မ ၂၀၂ နဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။ ဘယ်လိုရှင်းပြလဲဆိုတော့ နယ်မြေခံ သောင်ကြီးနယ်မြေရဲစခန်းက အမှုစစ်ဆေးချက်နဲ့ နှစ်ဖက်အပြန်အလှန်စစ်ဆေးချက် ဖတ်ပြီးတဲ့အခါမှာ ဇွန် ၁ ရက်ကို ရုံးချိန်းပြန်ချိန်းပါ တယ်။ အဲဒီနေ့မှာ ဘယ်လိုဥပဒေပုဒ်မကို တပ်ပေးရမယ်ဆိုတာ ပြောတယ်”ဟု တရားလိုဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးသည့် ခုံသမာဓိ အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်ဟန်က ဆိုသည်။

မေ ၂၅ ရက် ရုံးချိန်းတွင် တိုင်တန်းခံရသူနှစ်ဦးဖြစ်သည့် ဦးကျော်နေ၀င်းနှင့် ဦးဇွဲ နေ၀င်းတို့မှာ တရားရုံးသို့ လာရောက်ခြင်း မရှိဘဲ ပုဒ်မတပ်မှသာလျှင် တိုင်တန်းခံရသူများကို ရုံးချိန်းဆင့်ခေါ်သည့်အချိန်မှ လာရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်က လှိုင်သာယာ မြို့နယ် ကုလားကြီးစုကျေးရွာအုပ်စု ရန်ကုန်- ညောင်တုန်းလမ်းမဘေးတွင်ရှိသော YBS ၂၀ ယာဉ်ရပ်နားဝင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

May 25, 2018














Copy Protected by Chetan's WP-Copyprotect.