ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းမြို့ ရပ်ကွက်အချို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တို့မှ ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေရ

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းမြို့ ရပ်ကွက်အချို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တို့မှ ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေရ
Published 21 August 2017

စစ်ကိုင်းမြို့၊ အနိမ့်ပိုင်းရပ်ကွက် အချို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တို့တွင် ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် ရေဘေးသင့် ပြည်သူများသည် ဘုရားများနှင့် ဘုန်းကြီးကျောင်းများ၏ ပုရဝုဏ်များအတွင်း ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်အရ ၁၁၇၃ စင်တီမီတာ ရှိလာသောကြောင့် စိုးရိမ်အမှတ် ၁၁၅၀ စင်တီမီတာ ထက် ကျော်လွန်ခဲ့ကြောင်း၊ ယခင်နှစ် အမြင့်ဆုံးရေအမှတ်မှာ ၁၂၁၈ ထိ ရှိခဲ့ကြောင်း၊ ယခုရေများ ပြန်လည်ကျဆင်းမှုမှာ ၄၈ နာရီ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ခရိုင်းရုံး (စစ်ကိုင်းမြို့) မှ သိရသည်။

 

Most Read

Most Recent