ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မေလအထိ ကြက်ငှက်တုပ်ကွေးရောဂါ Influenza A(H7N9) ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀၀ ကျော်အနက် ၆၀၀ နီးပါးသေဆုံး

ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မေလအထိ ကြက်ငှက်တုပ်ကွေးရောဂါ Influenza A(H7N9) ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀၀ ကျော်အနက် ၆၀၀ နီးပါးသေဆုံး
Published 21 August 2017

ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မေလအထိ ကြက်ငှက်တုပ်ကွေးရောဂါ Influenza A(H7N9) ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀၀ ကျော်အနက် ၆၀၀ နီးပါးသေဆုံး

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နယ်စပ်ဈေးများတွင် ရောင်းချနေသော ကြက်သားများ၌ ကြက်ငှက်တုပ်ကွေးရောဂါ ရှိ၊ မရှိ စစ်ဆေးရန် နမူနာယူနေစဉ်

ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၃ ခု နှစ်မှ ၂၀၁၇ ခုနှစ် မေလအထိ ကြက်ငှက်တုပ်ကွေးရောဂါ Influenza A(H7N9) ဓာတ်ခွဲအတည်ပြုလူနာ ၁၅၂၅ ဦးရှိပြီး ယင်းတို့အနက် ၅၇၉ ဦးသေဆုံးခဲ့ရာ သေဆုံးမှုရာခိုင်နှုန်း ၄၀ နီးပါးရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

လက်ရှိတွင် ကြက်ငှက်တုပ် ကွေးရောဂါသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားလျက်ရှိပြီး ဆောင်းခိုရေပျော်ငှက်များမှတစ်ဆင့် တစ်နိုင်တစ်ပိုင် မွေးမြူထားသော ကြက်၊ ဘဲ၊ ငှက်များသို့ကူးစက်ပျံ့နှံ့ရုံသာမက ခို၊ ငုံး၊ ကျီးကန်း၊ စာကလေး၊ ကြက်တူရွေးစသည့် ငှက်များ၊ ဝက်၊ ကြောင်စသည့်တိရစ္ဆာန်များသို့ပါ ရောဂါကူးစက်ပြန့်ပွား သေဆုံးလျက်ရှိကြောင်းနှင့် ထိုမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါလူသို့ ကူးစက်မှုကြောင့် နိုင်ငံအချို့တွင် လူများတွင် ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတွင် ဓာတ်ခွဲအတည်ပြု ကြက်ငှက်တုပ်ကွေးရောဂါ Influenza A(H7N9) ရောဂါ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိသည့်အတွက် မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်လျက်ရှိသော ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် On Health Satrategy အရ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြက်ငှက်တုပ်ကွေးရောဂါ တုံ့ပြန်ရေးစီမံချက်ပါ လုပ်ငန်းများကို အားဖြည့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှစတင်၍ တရုတ် နိုင်ငံအရှေ့တောင်ပိုင်းတွင် H7 N9 အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါသည် လူသို့ကူးစက်မှု စတင်တွေ့ရှိလာခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၊ တရုတ်(တိုင်ပေ)၊ ကနေဒါ နိုင်ငံများတွင် လူကိုကူးစက်မှုများရှိခဲ့ကြောင်း သိရသည်။ ယခု ၂၀၁၇ ခုနှစ်အထိ H7 N9 ရောဂါဖြစ်ပွားမှုများရှိခဲ့ရာ လူသို့ကူးစက်မှုပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့ အနက် သေဆုံးသူ ၅၇၉ ဦးရှိခဲ့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် H7 N9 ဖြစ်ပွားမှု မရှိသေးကြောင်းနှင့် မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ H5 N1၊ H9 N2 ဖြစ်ပွားမှု တွေ့ရှိရကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါကို အများအားဖြင့် လွှတ်ကျောင်းခြံများ (တိုင်းရင်းကြက်) နှင့် ကြက်/ ဘဲမွေးမြူရေးခြံများရှိ ကြက်၊ ငှက် အမျိုးအစားများတွင် ကူးစက်တတ်ကြောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက ကြက်/ ငှက်သည် ဖျားနာခြင်း (သို့) သေဆုံးခြင်းမျိုးဖြစ်၍ ကူးစက်ခံရမှုကို အလွယ်တကူ သတိပြုနိုင်ကြောင်း၊ ပြည်တွင်းသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကြက်ဥ၊ ကြက်သား၊ ကြက်သားပေါက်နှင့် ကြက်အရှင်များမှာ နယ်စပ်များမှတစ်ဆင့် တရားမဝင်ဝင်ရောက်မှုမှာရှိနေပြီး ယင်းကဲ့သို့တရားမဝင် ဝင်ရောက်မှုများပြားလာခြင်းကြောင့် အမျိုးသားအဆင့်ဇီဝလုံခြုံရေးနှင့် ပြည်တွင်းမွေးမြူရေး ကုန်ထုတ်လုပ်မှုထိခိုက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်မှုများပြားလာခြင်းသည် နိုင်ငံတွင်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက် ပြန့်ပွားစေနိုင်သည့် အကြောင်းအရင်းတစ်ရပ်အဖြစ် ရှိနေကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့် ကြက်၊ ငှက်များတွင် လျင်မြန်စွာကူးစက်၍  ကြက်အများအပြားသေဆုံးပြီး လူကိုပါကူးစက်စေသည့်ရောဂါ တစ်မျိုးဖြစ်ကြောင်း၊ ရောဂါမှာ အပြင်းစားနှင့်အပျော့စားဟူ၍ နှစ်မျိုးရှိကြောင်း၊ ရောဂါပြင်းထန်မှုအလိုက် ကြက်သေဆုံးမှု၊ လူသို့ကူးစက်နိုင်ခြေပိုများပြီး ယခင်က H5 N1 ရောဂါမှာ ပြင်းထန်ပြီး ယခုနောက်ပိုင်း၌ H5 N1 အပြင်H5 N2၊ H5 N6 ၊ H5 N8၊ H10 N8 များလည်း ပါဝင်လာကြောင်းနှင့်H7 N9၊ H9 N2 များမှာရောဂါ အပျော့စားတွင် ပါဝင်သော်လည်း ယခုအခု H7 N9 မှာ အပြင်းစားအဆင့်သို့ မျိုးရိုးဗီဇ ပြောင်းလဲလာခြင်းများတွေ့ရကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent