နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီ သတင်းစာရှင်းလင်း
Published 21 May 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ဧပြီ ၂၇ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အထွေထွေအရပ်ရပ် အခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များနှင့် ပြည်သူ့အတွက် လိုလားချက်များပေးပို့ခြင်း ခေါင်းစဉ်ပါ အိတ်ဖွင့်ပေးစာနှင့်ပက်သက်၍ လက်ရှိအာဏာရအစိုးရက တုံ့ပြန်မှုမရှိသည့်အပေါ် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက မေ ၂၀ ရက်တွင် ပုသိမ်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးပြုံးချို၊ ဦးသက်လင်း၊ ဒေါ်စိုးစိုးရီတို့က ဦးဆောင်ရှင်းလင်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တင်ပြခဲ့သည့် အိတ်ဖွင့်ပေးစာပါ NVC ကတ် ကိုင်ဆောင်ထားသူများအား နိုင်ငံသားကဲ့သို့ အခွင့်အရေးမပေးရေး၊ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်အက်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကို သမ္မတက လက်မှတ်ထိုးအတည်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ရေး စသည့်အချက်များအပါအဝင် တောင်းဆိုပေးပို့ခဲ့သည့် အချက်များအား မည်သည့်အတွက်ကြောင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြားနိုင်ငံရေးပါတီများ စုပေါင်းလက်မှတ်ထိုး တင်ပြခဲ့ရသည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ရသည့် အကြောင်းမှာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ နိုင်ငံတော်သမ္မတထံ ပေးအပ်ခဲ့သည့် အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က မည်သည့်တုံ့ပြန်ပြောဆိုမှုအကြောင်း ပြန်ကြားမှုများမရှိသောကြောင့် ပြည်သူ့အကျိုးအတွက် ယခုကဲ့သို့ သတင်းစာရှင်းပွဲပြုလုပ်ကာ ပြည်သူထံ ချပြအသိပေးရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံရဲ့အစဉ်အလာအတိုင်း အတက်အကျပါတီဆိုတော့ ကိုယ်ပြောချင်တာတွေ ဖြစ်ချင်တာတွေ၊ ပြည်သူတွေဖြစ်စေချင်တာတွေ ထပ်ဆင့်ထပ်ဆင့် တင်ပြနေမယ်။ ကျွန်တော် အဲဒီမှာနှစ်ပိုင်းပါ။ တစ်ပိုင်းကတော့ ကျွန်တော်တို့က အာဏာမရပေမဲ့ အတိုက်အခံပါတီအဖြစ် ရှိနေတဲ့အချိန်မှာပဲ ပြည်သူ့အတွက်ကို လိုအပ်တဲ့အချက်ကို တင်ပြတောင်းဆိုပေးနေတယ်။ တင်ပြနေတယ်။ အစိုးရကလည်း လိုအပ်တဲ့အထောက်အကူကို ပြုပေးနေတယ်။ အပြုသဘောကိုဆောင်တဲ့ ဆောင်ရွက်ချက်များကို ဆက်တိုက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူအတွက် နိုင်ငံ့အကျိုးအတွက် အမြဲတမ်းတင်ပြနေဦးမှာပါ” ဟု ဦးပြုံးချိုက ပြောကြားသည်။

Most Read

Most Recent