ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်နှင့် ကယားပြည်နယ်ရှိ ဒေသအချို့တွင် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ UNFPA အဆိုပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်နှင့် ကယားပြည်နယ်ရှိ ဒေသအချို့တွင် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ UNFPA အဆိုပြု
Published 20 May 2018

ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေး လာရောက်ထိုးနှံပေးနေသည့် မိသားစုဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်နှင့် ကယားပြည်နယ်ရှိ ဒေသအချို့တွင် မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ UNFPA အဆိုပြုထားကြောင်း သိရသည်။

မေ ၁၈ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ Assistant Secretary-General Ms. Laura Londen ဦးဆောင်၍ UNFPA Asia-Pacific Regional Director Mr. Bjorn Andersson နှင့် UNFPA မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Janet Jackson တို့ ပါဝင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ UNFPA အဖွဲ့သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး၊ မိသားစုသားဆက်ခြား စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Sustainable Development Plan) နှင့် လိုက်လျောညီထွေမှုရှိပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် Sustainable Development Plan တွင် မိခင်သေဆုံးမှု မရှိရေး (Zero Maternal Mortality)၊ မလိုလား၊ မရည်ရွယ်သော ကိုယ်ဝန်ဆောင်မရှိရေး (Zero Unintended Pregnancy)၊ ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် အန္တရာယ်ပေးသော အလေ့အကျင့်များ မရှိစေရေး (Zero gender-based violence and harmful practices) နှင့် UNFPA ၏ Strategic Plan (၂၀၁၈-၂၀၂၁)များကို SDG-2030 target များ ရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သန္ဓေတားနည်းလမ်းများကို လွတ်လပ်စွာ ရွေးချယ်နိုင်ရေးနှင့် ကျန်းမာရေးဌာနများ၏ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစု သားဆက်ခြားရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း အခြေအနေ လေ့လာဆန်းစစ်မှု စစ်တမ်းမှ ပေါ်ထွက်လာသော တွေ့ရှိ ချက်များကို သုံးသပ်၍ လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေး အသိပညာမြင့်တက်ရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ အလေးထား၍ ရင်းနှီးမြှုပ်နှံမှုကို အသိအမှတ်ပြုပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်နှင့် ကယားပြည်နယ်ရှိ နေရာဒေသအချို့တွင် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလက်လှမ်းမီရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် PA တို့မှ မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍများအတွက် လိုအပ်သော ရန်ပုံငွေနှင့် အခြားထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိခင်သေဆုံးမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း (Maternal Death Surveillance and Response) မှ တွေ့ရှိချက်များကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆန်းစစ်သုံးသပ်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ စာတတ်မြောက်မှု မြင့်မားလာရေးအတွက် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးအပါအဝင် အခြားကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပါဝင်သော စံပြုကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်စာအုပ် (Standardized Health Messages) များကို ထုတ်ဝေ၍ အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေထားရှိကြောင်း ပြောကြားသည်။

Most Read

Most Recent