၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်းပမာဏ၏ ၄၃ ရာခိုင်နှုန်းဖြင့် အများဆုံးဝင်ရောက်

၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်းပမာဏ၏ ၄၃ ရာခိုင်နှုန်းဖြင့် အများဆုံးဝင်ရောက်
Published 20 May 2018

၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၃ ရာခိုင်နှုန်းဖြင့် အများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

အဆိုပါ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၄၁ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈ ဒသမ ၆ ဘီလျံကျော်ရှိကာ စုစုပေါင်း ဝင်ရောက်မှု ပမာဏ၏ ၄၃ ရာခိုင်နှုန်း ရှိသည်။

အိမ်ခြံမြေကဏ္ဍ၌ လုပ်ငန်းပေါင်း ၃၃ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်ဖြင့် ၁၈ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ၌ လုပ်ငန်းပေါင်း ၆၄၆ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံဖြင့် ၁၈ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ လုပ်ငန်းပေါင်း ၃၃ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် ၁၀ ရာခိုင်နှုန်းရှိကြောင်း MIC ၏ စာရင်းများအရ သိရသည်။

အခြားလုပ်ငန်းကဏ္ဍ၌ လုပ်ငန်း ၆၈ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ဖြင့် ခြောက်ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍ၌ လုပ်ငန်းပေါင်း လေးခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၃၉၀ နီးပါးဖြင့် နှစ်ရာခိုင်နှုန်း ရှိသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့၌ ဝင်ရောက်မှုသည် တစ်ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၅၄ ခုအထိ ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀ ဒသမ ၂၇၆ ဘီလျံ ဝင်ရောက်ထားခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်ငွေ သန်းခြောက်ထောင်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုင်းဒေသကြီး ပြည်နယ်အစိုးရက ခွင့်ပြုနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံမှုပမာဏရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက တစ်လမှ တစ်လခွဲအတွင်း ပါမစ်ရရှိအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent