w ငြိမ်းချမ်းရေးဆုတောင်းမှု ပြုလုပ်ခဲ့သည့် အကသကျောင်းသားများ အပါအ၀င် လူငယ် ၁၄ ဦးကိုဖမ်းဆီးခဲ့ကာ သုံးဦးကိုအမှုဖွင့် - Eleven Media Group <

ငြိမ်းချမ်းရေးဆုတောင်းမှု ပြုလုပ်ခဲ့သည့် အကသကျောင်းသားများ အပါအ၀င် လူငယ် ၁၄ ဦးကိုဖမ်းဆီးခဲ့ကာ သုံးဦးကိုအမှုဖွင့်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့တွင် ငြိမ်းချမ်းရေး ဆုတောင်းမှုပြုလုပ်ခဲ့သည့် အကသကျောင်းသားများအပါအ၀င် လူငယ် ၁၄ ဦးကို ဖမ်းဆီးခဲ့ကာ သုံးဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည့် ဗမာ့လူငယ်များလွတ်မြောက်ရေး ကွန်ကရက်မှ ကိုဆောင်းဦးလွင်၊ ကိုပိုင်ငြိမ်းဝေအကသမှ ကိုရီဝေယံ(ခ)ရန်ကြီးတို့ သုံးဦးအား ပုဒ်မ(၁၉)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ကျွန်တော်တို့လုပ်မှာကို ကြိုသိနေတဲ့အတွက် လာခေါ်ပြီးညှိနှိုင်းတယ်။ သူတို့ခေါ်တဲ့အချိန်မှာ ၄၈ နာရီရှိသွားပြီ။ တင်ရင်လက် ခံမလားဆိုတော့ မရဘူးတဲ့ အဲဒါကြောင့် လုပ်တယ်။ ဆုတောင်းတုန်းက မလာဘူး။ ပန်းခြံမှာ လာဖမ်းတာ အခုချိန်ထိတော့ ပြန်မလွတ်သေးဘူး။ အာမခံယူရမယ်ပြောတယ်။ အာမခံဖို့အတွက် တစ်ဦးကိုနှစ်ယောက်ပါရမယ်တဲ့ ကျွန်တော်တို့ကတော့ ယူဖို့မယူဖို့စဉ်းစားနေတုန်းပဲ” ဟု ပုဒ်မ(၁၉)ဖြင့် အမှုဖွင့်ခံခဲ့ရသူကို ဆောင်းဦးလွင်က ည ၈ နာရီခွဲတွင် ပြောကြားသည်။

May 16, 2018














Copy Protected by Chetan's WP-Copyprotect.