<

“Striker Force 7 ” အမည်ဖြင့် စူပါ ဟီးရိုးကာတွန်းဇာတ်ကောင် စီရော်နယ်လ်ဒို ဖန်တီး

စီရော်နယ်လ်ဒိုနှင့် ပုံစံတူဖန်တီးထားသည့် “Striker Force 7” ကာတွန်းဇာတ်ကောင် (Photo: Strikerforce7.com)

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် “Striker Force 7 ” အမည်ဖြင့် စူပါဟီးရိုး ကာတွန်း ဇာတ်ကောင်တစ်ခု ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မော်ဒန်ဘောလုံးလောက၏ အကောင်းဆုံးကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရသည့် စီရော်နယ်လ်ဒိုသည် Graphic India ကုမ္ပဏီနှင့်ပူးပေါင်း၍ စူပါဟီးရိုး ကာတွန်းဇာတ်ကောင် ဖန်တီးထား ခြင်းဖြစ်ပြီး ကလေးငယ်များအတွက် ရည်ရွယ်၍ ကာတွန်းဇာတ်လမ်းတွဲ များ ထုတ်လုပ်ဖြန့်ချိမည်ဖြစ်သည်။ ယင်းဇာတ်လမ်းတွင် စီရော်နယ်လ်ဒိုက အဓိကခေါင်းဆောင်အဖြစ် ပါဝင်မည်ဖြစ်ပြီး ဖြန့်ချိမည့်အချိန်ကို ထပ်မံ ကြေညာမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်က စူပါဟီးရိုးတွေရဲ့ ပရိသတ်တစ်ယောက်ပါ။ ဇာတ်လမ်းတွဲ အသစ်အတွက် ဖန်တီးရာမှာ ပါဝင်ကူညီခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်။ ဘောလုံးဆိုတာ ကမ္ဘာတစ်ဝန်းမှာရှိသူတွေနဲ့ ယဉ်ကျေးမှုတွေကို ချိတ်ဆက်ပေးတဲ့အရာဖြစ်ပြီး ကာတွန်း ဇာတ်ကောင်တွေနဲ့ ဟီးရိုးတွေကလည်း အလားတူပဲလို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဘောလုံးအပေါ် စိတ်အားထက်သန်မှုနဲ့ စူပါဟီးရိုးတွေ ပါဝင်တဲ့ ပရောဂျက်ကို ပရိသတ်တွေအတွက် မျှဝေပေးရတာ စိတ်လှုပ်ရှားမှု အတူတူပါပဲ” ဟု ၎င်းက ဆိုသည်။ ၎င်းသည် ကာတွန်းဇာတ်လမ်းတွဲ၏ ပူးတွဲထုတ်လုပ်သူအဖြစ်လည်း ဆောင်ရွက်မည်ဖြစ်သည်။

May 14, 2018














Copy Protected by Chetan's WP-Copyprotect.