မသန်စွမ်းသူများအတွက် ကွန်ပျူတာအခြေခံနည်းပညာ သင်ကြားရေးစင်တာ ဖွင့်လှစ်မည်

မသန်စွမ်းသူများအတွက် ကွန်ပျူတာအခြေခံနည်းပညာ သင်ကြားရေးစင်တာ ဖွင့်လှစ်မည်
Published 14 May 2018

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံနည်းပညာ သင်ကြားရေးစင်တာကို ဇွန် ၂၄ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်း အမှတ် ၆၄ တွင် စတင်ဖွင့်လှစ်မည်ဟု Nippon Foundation Myanmar အကြံပေး ဒေါက်တာတင်ညွန့်က ပြောကြားသည်။

အဆိုပါစင်တာတွင် ကွန်ပျူတာအခြေခံနှင့် ဒီဇိုင်းဆွဲနည်းများ၊ ဗီဒီယိုတည်းဖြတ်နည်းနှင့် ရေဒီယိုတည်းဖြတ်နည်းများကို သင်ကြားမည်ဖြစ်ပြီး သင်ရိုးတစ်ခုကို သုံးလကြာ သင်ကြားပို့ချမည်ဟု သိရသည်။

“မသန်စွမ်းကလေးတွေက အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်။ အခွင့်အလမ်းတွေနည်းတော့ မိသားစုအပေါ်မှာ မှီခိုသူတွေများပြီး ရှေ့မထွက်သာဘူးဖြစ်နေတယ်။ ဒီလိုလူတွေကို သူ့အသက်မွေးမှုလေးရရင် ဘဝရပ်တည်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာ” ဟု ဒေါက်တာတင်ညွန့်က ဆိုသည်။

လက်ရှိ စင်တာတည်ဆောက်မှုသည် ၉၉ ရာခိုင်နှုန်း ပြီးစီးလျက်ရှိနေပြီး အဆိုပါစီမံကိန်းအတွက် Nippon Foundation Myanmar က ဒေါ်လာ ၇၉၁၆၀၀ ထောက်ပံ့ထားသည်ဟု သိရသည်။

Most Read

Most Recent