ကမ္ဘာ့ရွှေဈေး ၁၃၁၈ ဒေါ်လာခန့်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ အထိ ပြန်တက်

ကမ္ဘာ့ရွှေဈေး ၁၃၁၈ ဒေါ်လာခန့်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ အထိ ပြန်တက်
Published 13 May 2018

ကမ္ဘာ့ရွှေဈေးသည် မေ ၁၁ ရက်တွင် ၁၃၁၈ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး မေ ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၁၂ ရက်တွင် ကျပ် ၉၄၁၀၀၀ ဝန်းကျင်ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဖေဖော်ဝါရီလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၅၁၀၀ (ဖေဖော်ဝါရီ ၈ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၆၅၀၀ (ဖေဖော်ဝါရီ ၆ ရက်) ကျပ်၊ မတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၅၉၀၀ (မတ် ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၇၅၀၀ (မတ် ၂၅ ရက်)၊ ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၉၉၀၀ (ဧပြီ ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၈၄၀၀ (ဧပြီ ၁၉ ရက်) တို့ဖြစ်သည်။

Most Read

Most Recent