ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၂ ပွိုင့်အထက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၉ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၂ ပွိုင့်အထက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၉ ကျပ်အထိ ကျဆင်း
Published 13 May 2018

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မေ ၁၁ ရက်တွင် ၉၂ ပွိုင့်အောက်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး မေ ၁၂ ရက်တွင် ပြည်တွင်းဈေးကွက်၌ တစ်ဒေါ်လာ ၁၃၃၉ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် မတ် ၁၉ ရက်တွင် ပွိုင့် ၉၀ အောက်၊ မတ် ၂၆ ရက်တွင် ၈၉ ပွိုင့်အောက်သို့ ကျဆင်းခဲ့ကာ ဧပြီ ၅၊ ၂၁ တွင် ပွိုင့် ၉၀ အထက်၊ ဧပြီ ၂၆ ရက်တွင် ၉၁ ပွိုင့်အထက် မေ ၁ ရက်တွင် ၉၂ ပွိုင့်အထက်၊ မေ ၉ ရက်တွင် ၉၃ ပွိုင့်အထက် ရောက်ခဲ့သည်။

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ဇန်နဝါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလကစတင်ကာ ဒေါ်လာဈေးအညွှန်းကိန်းများ ပြန်ကျခြင်းဖြစ်သည်။ ပြီးခဲ့သည့်ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ညွှန်းကိန်းများမှာ ဒီဇင်ဘာတွင် ၉၄ ဒသမ ၁၈ ပွိုင့်၊ ဇန်နဝါရီတွင် ၉၂ ဒသမ ၃၆ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက်အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ်ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ မေ ၁၀ ရက်တွင် ၁၃၄၂ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent