မူဆယ်မြို့ မှ နမ့်ခမ်းဘက်အထွက်လမ်း မန်ဝိန်းပေါက်အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားနေ

မူဆယ်မြို့ မှ နမ့်ခမ်းဘက်အထွက်လမ်း မန်ဝိန်းပေါက်အနီးတွင် ပစ်ခတ်မှုများဖြစ်ပွားနေ
Published 12 May 2018

ဓါတ်ပုံ - မူဆယ် ဂရုဏာ လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊မန်ဝိန်းပေါက်အနီးတွင် ယနေ့ (မေလ ၁၂ ရက်) နံနက် ၄ နာရီအချိန်ခန့်မှစတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသောနေရာမှာ မူဆယ်မြို့မှ နမ့်ခမ်းဘက်သို့အထွက်လမ်း မူဆယ်မြို့မှ ကြိုဆိုပါ၏ မုဒ်ဦးအနီးနှင့် တရုတ်နိုင်ငံတွင်းသို့ ကုန်တင်ယာဉ်များဝင်ရောက်သည့် မန်ဝိန်းပေါက်အနီး တစ်ဝိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပစ်ခတ်မှုများ ဖြစ်ပွားနေမှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူရှိကြောင်း ကနဦးစုံစမ်း သိရှိရသည်။

“မန်ဝိန်းပေါက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။နမ့်ခမ်းဘက်ထွက်တဲ့ ပန်ခမ်းတံတားမှာ ဖြစ်နေတာပါ။ တစ်ယောက်သေဆုံးတယ်။သုံးယောက်ဒဏ်ရာရတယ်။ လက်ရှိအချိန်ထိကို ပစ်ခတ်မှုတွေ ဖြစ်နေတုန်းပါပဲ။ ဆေးရုံကိုတော့ အဲ့ဒီလေးယောက် ပို့ပြီးသွားပါပြီ။” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း က နံနက် (၇)နာရီအချိန်ခန့်က ပြောသည်။

ပစ်ခတ်မှုများ ဖြစ်ပွားနေမှုကြောင့် တရုတ်နိုင်ငံတွင်းသို့ ကုန်စည်ပို့ဆောင်မည့် ကုန်တင်ကားကြီးများမှာ မန်ဝိန်းပေါက်အနီးတွင် ရပ်တန့်ကာ မြို့တွင်းသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

Most Read

Most Recent