ဘောလုံးအား အဝေးဆုံးကန်နိုင်သည့် အီဒါဆန် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံရ

ဘောလုံးအား အဝေးဆုံးကန်နိုင်သည့် အီဒါဆန် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံရ
Published 12 May 2018

မန်စီးတီးအသင်း၏ ဘရာဇီးလ်လက် ရွေးစင်ဂိုးသမား အီဒါဆန်သည် ဘောလုံးအား အကွာအဝေး အဝေးဆုံးကန်နိုင်သဖြင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ဂုဏ်ပြုဖော်ပြခံရမည်ဖြစ်ကြောင်း သိရသည်။

ဂင်းနက်စ်တာဝန်ရှိသူများသည် မေ ၁၀ ရက်တွင် မန်စီးတီးအသင်း လေ့ကျင့်ရေးကွင်းသို့ရောက်ရှိလာပြီး အီဒါဆန်၏ အဝေးကန်ချက်ကို စံချိန်တွက်ချက်ယူရာ ၎င်းသည် ဘောလုံးအား ၇၅ ဒသမ ၃၅ မီတာအကွာ အဝေးအထိ ကန်နိုင်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ အီဒါဆန်သည် ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်၌ ဘောလုံးအား အဝေးဆုံးကန်နိုင်သူအဖြစ် ထည့်သွင်းဖော်ပြခံရပြီး ၎င်း၏ Instagram စာမျက်နှာတွင်လည်း ဓာတ်ပုံတင်ထားကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ်ရှိ အီဒါဆန်သည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ဘင်ဖီကာအသင်းမှ မန်စီးတီးသို့ ယူရိုသန်း ၄၀ (ပေါင် ၃၅ သန်း) ဖြင့် ပြောင်းရွှေ့လာပြီး ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ဂိုးသမားအဖြစ် ရပ်တည်နေကာ ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခွင့်ရထားသည်။

Most Read

Most Recent