ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူဦးရေ တစ်သိန်းကျော်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ အချိန်စေ့လွန်ကြွေးကျန် ကျပ် ၇၈ ဘီလျံကျော် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူဦးရေ တစ်သိန်းကျော်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ အချိန်စေ့လွန်ကြွေးကျန် ကျပ် ၇၈ ဘီလျံကျော် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ
Published 12 May 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူဦးရေ သုံးသိန်းကျော် ရှိသည့်အနက် တောင်သူဦးရေ တစ်သိန်းကျော်မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ စိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့လွန် ကြွေးကျန်ပေါင်း ကျပ် ၇၈ ဘီလျံကျော်ထိ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတင်းရရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အချိန်ကျော်လွန်နေသည့် အချိန်စေ့လွန် ကြွေးကျန် တောင်သူများမှာ ၂၀၁၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၁၁ ဦး၊ ၂၀၁၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၉၀ ဦး၊ ၂၀၁၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၃၈၉၈ ဦး၊ ၂၀၁၃ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၃၂၂၂ ဦး၊ ၂၀၁၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွင် ၁၄၁၅၁ ဦး၊ ၂၀၁၄ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၁၃၁၆၉ ဦး၊ ၂၀၁၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွင် ၂၀၇၈ ဦး၊ ၂၀၁၅ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၂၃၄၃ ဦး၊ ၂၀၁၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၃၂၇၅၃ ဦး၊ ၂၀၁၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၃၂၇၁၈ ဦး စုစုပေါင်း ၁၀၄၃၃၄ ဦး ထိရှိနေပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ ပြန်လည်ပေးသွင်းရမည့် အချိန်စေ့လွန် ကြွေးကျန်မှာ ကျပ် ၇၈၀၄၀ ဒသမ ၇၉ သန်းထိ ကျန်ရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent