နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှိသော်လည်း အင်္ဂလိပ်စာ အခက်အခဲကြောင့် အလုပ်ရရှိမှု နည်းနေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှိသော်လည်း အင်္ဂလိပ်စာ အခက်အခဲကြောင့် အလုပ်ရရှိမှု နည်းနေ
Published 11 May 2018

ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် သင့်လျော်သည့် အရည်အချင်းများ ရှိနေသော်လည်း အင်္ဂလိပ်ဘာသာစကား အခက်အခဲကြောင့် အလုပ်ရရှိမှု နည်းပါးနေကြောင်း JonNet.com.mm ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်း၌ ကဏ္ဍမျိုးစုံအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ရရှိနေသော်လည်း အလုပ်လုပ်ကိုင်လိုသူများအကြား အင်္ဂလိပ်စာသည် အခြေခံလိုအပ်ချက် ဖြစ်လာပြီဖြစ်ကြောင်းနှင့် အလုပ်လျှောက်ထားသူများအတွက် သင့်လျော်သော အရည်အချင်းများ ရှိကြသော်လည်း အများစုမှာ အင်္ဂလိပ်ဘာသာစကား အခက်အခဲကြောင့် အလုပ်မရရှိဘဲဖြစ်နေကြကြောင်း JonNet.com.mm တွင် ဖော်ပြချက်အရ သိရသည်။

“ဟိုတုန်းကတော့ မြန်မာလူငယ်တွေအတွက် အင်္ဂလိပ်စာက လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။ ခုချိန်မှာတော့ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ Career ကောင်းကောင်းနဲ့ Professional ကျကျ လုပ်ကိုင်နိုင်ဖို့အတွက်က အင်္ဂလိပ်ဘာသာက လိုအပ်လာနေတယ်။ မဖြစ်မနေရှိသင့်ရှိတဲ့ Skill တစ်ခုအနေနဲ့ကို လိုအပ်လာတာပါ” ဟု JonNet.com.mm မန်နေဂျင်းဒါရိုက်တာ Matt De Luca က ပြောသည်။

JonNet.com.mm ၏ စစ်တမ်းအရ အင်္ဂလိပ်ဘာသာစကား ကောင်းမွန်စွာတတ်ကျွမ်းပါက နိုင်ငံတကာကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်ပြီး ပြည်တွင်းကုမ္ပဏီများထက် လုပ်ခလစာများ ပိုမိုကောင်းမွန်ပြီး မိမိအရည်အချင်းလည်း တိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများမှ HR ကျွမ်းကျင်သူ ၃၀၀ ခန့်အား လစာနှုန်းထားနှင့် ပတ်သက်သော စစ်တမ်းများ ကောက်ယူခဲ့ရာ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်း၍ နိုင်ငံတကာ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသူများမှာ ပြည်တွင်းကုမ္ပဏီများတွင် လုပ်ကိုင်နေသူများထက် လစာနှစ်ဆမှ သုံးဆအထိ ပိုမိုရရှိကြောင်းနှင့် ဘာသာစကားအရေးပါမှုသည် သိသာပြီး ပြည်တွင်းတွင်သာမက နိုင်ငံတကာသို့ သွားရောက် အလုပ်လုပ်ကိုင်လိုပါက အင်္ဂလိပ်ဘာသာသည် အရေးကြီးကြောင်း သိရသည်။

Most Read

Most Recent