မန္တလေးမြို့တွင် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ ပြုလုပ်

မန္တလေးမြို့တွင် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ ပြုလုပ်
Published 6 May 2018

အလုပ်အကိုင်ကျွမ်းကျင်မှု လက်မှတ်ပေးအပ်ပွဲကို တွေ့ရစဉ်

မန္တလေးမြို့တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) မှ အမျိုးသားအဆင့် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို မေ ၅ ရက် နံနက်ပိုင်းက မန္တလေး၊ စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်သား ၅၀၀၀ ဦး စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်အရ ဌာနများတွင် အလုပ်အကိုင် ၁၁ မျိုးအတွက် ဖြေဆိုအောင်မြင်သည့် ကျွမ်းကျင်လုပ်သား ၁၄၈၈ ဦး၊ စစ်ဆေးအကဲဖြတ်ရေး ဌာနရှစ်ခုနှင့် စစ်ဆေးရေးမှူး ၁၅ ဦးကို အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“NSSA အနေနဲ့ မြန်မာနိုင်ငံရှိ လုပ်သားတွေရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့အခါမှာ နှစ်ပိုင်းဆောင်ရွက်တယ်။ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ခေတ်နဲ့ညီအောင် အဆင့်မြင့်အောင် နောက်တစ်ခုကတော့ သူတို့ရဲ့ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှု စိစစ်အကဲဖြတ်တဲ့ဟာတွေ လုပ်ဆောင်နေတယ်။ ဒီနေ့ပွဲကတော့ မြန်မာနိုင်ငံ လုပ်သားဈေးကွက်မှာရှိတဲ့ လုပ်သားတွေကျွမ်းကျင်မှု အဆင့်အကဲဖြတ်ပြီးတော့ အမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတာပါ။ ဒီလိုပေးနိုင်ဖို့ ကြိုးစားခဲ့တာကြာပါပြီ။ ၂၀၁၄ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တယ်။ အောက်မြန်မာပြည်မှာတော့ တော်တော်များများကို ပေးနိုင်ပါပြီ။ အထက်မြန်မာပြည်ကတော့ အခုမှစပေးတာပါ။ ဒီနေ့ပွဲမှာ Level-1 အဆင့် ၁၄၈၈ ယောက်ကိုပေးမှာပါ” ဟု မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

ယခုပေးအပ်သော အသိမှတ်ပြုလက်မှတ်မှာ Level-1 အတွက်ဖြစ်ပြီး အလုပ်အကိုင် ၁၈ မျိုးအတွက် လုပ်သား ၅၈၅၅ ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အောင်မြင်သူ ၅၁၆၄ ဦးရှိရာ လျာထားချက်ထက် ကျော်လွန်ကာ စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အထက်မြန်မာပြည်တွင် အလုပ်အကိုင် ၁၁ မျိုးအတွက် ဖြေဆိုအောင်မြင်သူ ကျွမ်းကျင်လုပ်သား ၁၄၈၈ ဦးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent