မောင်တောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိ
Published 6 May 2018

မောင်တောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိနေကြောင်း သိရသည်။

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် မဇော်ဟီနာခါတူထံမှ ဆေးခြောက် ၁၃၈ ဂရမ်ကို မေ ၄ ရက် နံနက် ၉ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရပါသည်။

သတင်းအရ ဆေးခြောက်ရောင်းချနေသည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ အဆိုပါ ဘင်္ဂါလီအမျိုးသမီးထံမှ ချိန်ခွင်တစ်ခုနှင့်အတူ ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းမတိုင်မီ မေ ၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ် မေယု (၂) စစ်ဆင်ရေးအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားရွာနေ မရှောင်ရှားဘေဂေါင်၏ နေအိမ်ကို ရှာဖွေရာ မရှောင်ရှားဘေဂေါင်နှင့် အဏ္ဏဝါတို့အားတွေ့ရှိရပြီး မရှောင်ရှား ဘေဂေါင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ပြားကိုလည်းကောင်း သိရသည်။

ဆက်လက်၍ ညနေ ၃ နာရီ ၂၅ မိနစ် ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားရွာနေ မဂျာမာလီ၏ နေအိမ်ကိုရှာဖွေရာ မဂျာမာလီထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် မရှောင်ရှား ဘေဂေါင် (၃၂) နှစ်၊ အဏ္ဏဝါ (၁၉) နှစ်နှင့် မဂျာမာလီ (၂၅) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် နှစ်နှစ်အတွင်း ဆေးပြား ၃၅ သန်းကျော်နှင့် တရားခံ ၃၉၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေ ၁ ရက်အထိ ကျပ်သိန်းပေါင်း ၁,၈၃၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေ ၁ ရက်အထိ စိတ်ကြွဆေးပြား၊ စိတ်ကြါအကျေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ်ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpazolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမှုပေါင်း ၆၃၁ မှုဖွင့်ကာ အရေးယူနိုင်ခဲ့ပြီး တရားခံ ၁၀၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent