ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၀၀၀ အောက်ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၀၀၀၀ အောက်ဆက်ရှိနေ
Published 6 May 2018

ကမ္ဘာ့ရွှေဈေးသည် မေ ၄ ရက်တွင် ၁၃၁၄ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး မေ ၅ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၉၄၀၀၀၀ အောက် ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၅ ရက်တွင် ကျပ် ၉၃၉၄၀၀ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဖေဖော်ဝါရီလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၅၁၀၀ (ဖေဖော်ဝါရီ ၈ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၆၅၀၀ (ဖေဖော်ဝါရီ ၆ ရက်) ကျပ်၊ မတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၅၉၀၀ (မတ် ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၇၅၀၀ (မတ် ၂၅ ရက်)၊ ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းကျပ် ၉၃၉၉၀၀ (ဧပြီ ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၈၄၀၀ (ဧပြီ ၁၉ ရက်) တို့ဖြစ်သည်။

Most Read

Most Recent