စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မိုးရာသီစိုက်ပျိုးချေးငွေ ကျပ် ၅၂ ဘီလျံကျော် ပြန်ဆပ်ရန်ကျန်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မိုးရာသီစိုက်ပျိုးချေးငွေ ကျပ် ၅၂ ဘီလျံကျော် ပြန်ဆပ်ရန်ကျန်ရှိနေ
Published 4 May 2018

စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီစိုက်ပျိုးချေးငွေ ကျပ် ၅၂ ဘီလျံကျော် ပြန်ဆပ်ရန် ကျန်ရှိနေသေးကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံး၏စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ မိုးရာသီစိုက်ပျိုးချေးငွေအဖြစ် ကျပ် ၂၁၇၀၅၇ ဒသမ ၂၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း၊ တောင်သူများဘက်က တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ ကျပ် ၁၂၄၁၄၉ ဒသမ၁၀သန်းအား ပြန်လည်ပေးအပ်ခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးက တောင်သူများထံ ကျပ် ၉၂၉၀၈ ဒသမ ၁၅ ဘီလျံ အကြွေးရရန် ကျန်ရှိနေသေးကြောင်း ဆက်လက်သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများထံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးသို့ မိုးရာသီစိုက်ပျိုးချေးငွေ ပြန်လည်ပေးဆပ်မှု ရာခိုင်နှုန်းသည် ၅၇ ဒသမ ၁၉ ရာခိုင်နှုန်း ပြန်လည်ပေးဆပ်ခဲ့ကြောင်း၊ စိုက်ပျိုးချေးငွေ အကျေပေးဆပ်ခဲ့သည့် မြို့နယ်များသည် မုံရွာမြို့နယ် ဆားလင်းကြီးမြို့နယ်၊ ကလေးဝမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ မိုးရာသီစိုက်ပျိုးချေးငွေ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် မြို့နယ်များသည် ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကောလင်းမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်၊ အင်းတော်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ် စသည့်မြို့နယ်ပေါင်း ၂၆ မြို့တို့ဖြစ်ကြောင်း အများဆုံးစိုက်ပျိုးချေးငွေ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် မြို့နယ်သည် ထီးချိုင့်မြို့နယ်ဖြစ်ကြောင်း ထပ်မံသိရသည်။

ထို့ပြင် စိုက်ပျိုးချေးငွေနှင့်ပတ်သက်၍ ငွေကြေးအရှုပ်အရှင်းများနှင့် တောင်သူအချို့ကို တရားစွဲထားသည့် မြို့နယ်များသည် ပုလဲမြို့နယ်၊ ကနီမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ဖြစ်ပြီး တောင်သူများအား တရားစွဲဆိုထားမှု အများဆုံးမြို့နယ်သည် ထီးချိုင့်မြို့နယ်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးက စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများအား မေလနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးချေးငွေ ထုတ်ပေးခဲ့ကြောင်း၊ တောင်သူများဘက်ကလည်း ၎င်းတို့ထုတ်ချေးထားသည့် စိုက်ပျိုးချေးငွေအား ဧပြီ ၂၅ ရက် နောက်ဆုံးထား ပြန်လည်ပေးဆပ်ရန် တိုက်တွန်းထားသော်လည်း ပြန်လည်ပေးဆပ်ရမည့်ရက်ထက် ကျော်လွန်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးမှ လက်ထောက်မန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။

၂၀၁၇ ခုနှစ် မိုးကြိုငွေအတွက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ စိုက်ပျိုးချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် မြို့နယ်များနှင့် ငွေပမာဏသည် ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကသာမြို့နယ်၊ ကောလင်းမြို့နယ်၊ ထီးချိုင့်မြို့နယ်တို့ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ စိုက်ပျိုးချေးငွေ ပြန်လည်ပေးဆပ်ရန် ကျန်ရှိငွေပမာဏသည် ကျပ် ၅၀၃ဒသမ ၇၅ သန်း ကျန်ရှိနေသေးကြောင်း၊ အလားတူနှစ်အလိုက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ စိုက်ပျိုးချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် မြို့များနှင့် ငွေပမာဏမှာ အရာတော်မြို့နယ်သည် ၂၀၁၆-၂၀၁၇ ခုနှစ် မိုးနှင့်ဆောင်း ချေးငွေအတွက် ကျပ်သန်းပေါင်း ၉ ဒသမ ၉၃ ကျန်ရှိနေသေးကြောင်း၊ ဘုတလင်မြို့နယ်သည် ၂၀၁၆ ခုနှစ် မိုးချေးငွေအတွက် ကျပ်သန်းပေါင်း ၀ ဒသမ ၃၆ ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့အတူ ပုလဲမြို့နယ်သည် ၂၀၁၄ ခုနှစ် မိုးချေးငွေနှင့် ၂၀၁၆ ခုနှစ်မိုးချေးငွေအတွက် ကျပ်သန်းပေါင်း ၃၀ ဒသမ ၇၀ ကျန်ရှိနေသေးကြောင်း၊ ယင်းမာပင်မြို့နယ်သည် ၂၀၁၆ ခုနှစ် ဆောင်းချေးငွေအတွက် ကျပ်သန်းပေါင်း ၉ ဒသမ ၅၀ ကျန်ရှိနေသေးကြောင်း၊ ကနီမြို့နယ်သည် ၂၀၁၄ ခုနှစ် မိုးချေးငွေအတွက် ကျပ်သန်းပေါင်း ၁၅ ဒသမ ၄၈ ကျန်ရှိနေသေးကြောင်း၊ မြင်းမူမြို့နယ်သည် ၂၀၁၅ ခုနှစ် ဆောင်းချေးငွေအတွက် ကျပ်သန်းပေါင်း ၅ ဒသမ ၇၀ ကျန်ရှိနေသေးကြောင်း သိရသည်။

ရွှေဘိုမြို့နယ်သည် ၂၀၁၃ ခုနှစ် မိုးချေးငွေနှင့် ဆောင်းချေးငွေ၊ ၂၀၁၄ ခုနှစ် မိုးချေးငွေ၊ ၂၀၁၅ ခုနှစ် မိုးကြိုးနှင့် မိုးချေးငွေ၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဆောင်းချေးငွေနှင့် မိုးကြိုငွေ၊ ၂၀၁၆ ခုနှစ် မိုးနှင့်ဆောင်းချေးငွေအတွက် ကျပ်သန်းပေါင်း ၃၃၅ ဒသမ ၀၂ သန်း ကျန်ရှိနေသေးကြောင်း၊ ဝက်လက်မြို့နယ်သည် ကျပ်သန်းပေါင်း ၁၀၀ ဒသမ ၈၉၊ ခင်ဦးမြို့နယ်သည် ကျပ်သန်းပေါင်း ၁ ဒသမ ၃၈၊ ရေဦးမြို့နယ်သည် ကျပ်သန်းပေါင်း ၄ ဒသမ ၆၅၊ ဒီပဲယင်းမြို့နယ်သည် ကျပ်သန်းပေါင်း ၁၂၀ ဒသမ ၀၆ ကျန်ရှိနေသေးကြောင်း၊ ကျွန်းလှမြို့နယ်သည် ကျပ်သန်းပေါင်း ၃ ဒသမ ၉၆၊ ကသာမြို့နယ်သည် ကျပ်သန်းပေါင်း ၉ ဒသမ ၈၉၊ ကောလင်းမြို့နယ်သည် ကျပ်သန်းပေါင်း ၅ ဒသမ ၂၅၊ ထီးချိုင့်မြို့နယ်သည် ကျပ်သန်းပေါင်း ၃၅၉၉ ဒသမ ၄၆၊ ၂၀၁၃ ခုနှစ်မှ ၂၁၀၆ ခုနှစ်အထိ နှစ်အလိုက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံးသို့ စိုက်ပျိုးချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် ငွေပမာဏသည် ကျပ်သန်းပေါင်း ၄၂၅၂ ဒသမ ၁၅ ကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent