မောင်တောဒေသတွင် UEHRD အဖွဲ့က ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိ

မောင်တောဒေသတွင် UEHRD အဖွဲ့က ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိ
Published 4 May 2018

UEHRD စေတနာ့ဝန်ထမ်းလူငယ်များ ဆဋ္ဌမအဖွဲ့က မောင်တောဒေသရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရန်အတွက် စာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း (UEHRD) ၏ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (ဆဋ္ဌမအကြိမ်) မှ လူငယ်များသည် ဧပြီ ၂၈ ရက်က မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာနှင့် ကိုင်းကြီး (နတလ) ကျေးရွာသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရန်အတွက် ကွင်းဆင်း၍ စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

မေ ၁ ရက်က ငန်းချောင်းကျေးရွာနှင့် ဂုံးနားကျေးရွာတို့သို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငါးသေတ္တာ၊ အားလူးနှင့် နို့မှုန့်တို့ကို ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မေ ၂ရက်ကလည်း မောင်တောမြို့နယ် သစ်တုံးနားခွဆုံ ကျေးရွာအုပ်စု၊ သစ်တုံးနားခွဆုံကျေးရွာသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရန်အတွက် ကွင်းဆင်း၍ စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

UEHRD ၏ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် (ဆဋ္ဌမအကြိမ်) တွင် ကျား ၁၉ ဦးနှင့် မ ၁၅ ဦးဖြင့် စုစုပေါင်း ၃၄ ဦးပါဝင်ကြောင်း သိရသည်။

Most Read

Most Recent