မြန်မာ-အိန္ဒိယနယ်စပ်တွင် မြန်မာဘက်ခြမ်း၌ ကျောက်တိုင်တစ်ခု အိန္ဒိယနိုင်ငံသားများ လာရောက်စိုက်ထူခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်များက ပြန်လည်ဖယ်ရှားခဲ့ကြောင်း သိရ

မြန်မာ-အိန္ဒိယနယ်စပ်တွင် မြန်မာဘက်ခြမ်း၌ ကျောက်တိုင်တစ်ခု အိန္ဒိယနိုင်ငံသားများ လာရောက်စိုက်ထူခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်များက ပြန်လည်ဖယ်ရှားခဲ့ကြောင်း သိရ
Published 3 May 2018

မြန်မာ-အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းတွင် ကျောက်တိုင်တစ်ခု အိန္ဒိယနိုင်ငံသားများက လာရောက်စိုက်ထူခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည်ဖယ်ရှားခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ နယ်စပ်မှာ ကျွန်တော်တို့ဖက်ကို ကျူးကျော်ပြီးတော့ တိုင်စိုက်ထားတာကို တွေ့တာပေါ့။ တစ်ဖက်က India လို့ ရေးထားပြီး တစ်ဖက်က Burma လို့ ရေးထားတယ်။ အဲဒီတိုင်ကိုတွေ့တော့ ဆရာစံကျေးရွာက တစ်ယောက်ကနေပြီး လိုင်းပေါ်တင်လိုက်တာ။ သတင်းတွေက ပျံ့သွားတာပေါ့။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ စစ်တပ်နဲ့ပူးပေါင်းပြီးတော့ နောက်နေ့မှာ ဖျက်လိုက်တယ်ပေါ့။ ဒေသဆိုင်ရာ အာဏာပိုင်ထွေအုပ်ကလည်း တစ်ဖက် (အိန္ဒိယနိုင်ငံဘက်ကို) ကန့်ကွက်စာပို့ထားတယ်လို့ သိရပါတယ်။ နယ်စပ်မှာတော့ အဲဒီလို တစ်ချက်တစ်ချက်ဖြစ်ခဲ့ရင် သက်ဆိုင်ရာ ဒေသဆိုင်ရာအာဏာပိုင်က ဖျက်သိမ်း၊ ကန့်ကွက်စာပို့ဆိုတာမျိုးတွေ ရှိတာပေါ့။ အခု ကျောက်တိုင်စိုက်ခဲ့တဲ့ နေရာက ခန့်မှန်းခြေ လေးဖာလုံလောက်တော့ ကျွန်တော်တို့ ဘက်ရောက်နေတယ်လို့ သိရပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ဆိုသည်။

အဆိုပါ ကျောက်တိုင်စိုက်ခြင်းသည် ၂၀၁၈ ခုနှစ် မေ ၁ ရက်တွင်ဖြစ်ပွားခဲ့ပြီး မေ ၂ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်ဖယ်ရှားခဲ့သည်ဟု သိရသည် ။

“ကျွန်တော်တို့ ဆရာစံရွာနဲ့ တစ်ဖာလုံ လောက်အကွာမှာ အိန္ဒိယနိုင်ငံကလူတွေ ကျောက်တိုင်ကို လာစိုက်ထားတာရှိတယ်။ တမူးကနေလာမယ်ဆိုရင် လမ်းရဲ့ဘယ်ဘက်ကြား။ မနေ့က မွန်းလွဲ ၂ နာရီကျော်လောက်က လာပြီးစိုက်သွားတာပါ။ သူတို့က ကျောက်တိုင်တစ်တိုင်တည်း စိုက်သွားတာပါ။ ကျွန်တော်ကြားသိရတဲ့ သတင်းအရ ကားလေးစီးနဲ့ လူပေါင်း ၂၀ ကျော်လောက်ပါမယ်ပြောပါတယ်။ အဲဒီလူတွေက ရွာသားတစ်ယောက်၊ နှစ်ယောက်ပါတယ် ပြောတယ်။ အင်ဖာဘက်က လူတွေလို့ကြားတယ်။ အိမ်စီးကား လေးစီးပါတယ်ပြောတယ်။ စကားမပေါက်တော့ လာတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲ မသိဘူး။ လူအင်အား ၂၀ ကျော်၊ ၃၀ လောက်ပါတယ်။ အင်ဖာဘက်ကလူတွေနဲ့ ရွာသားတွေပါတယ်။ အိန္ဒိယနိုင်ငံဘက်က နောင်ကန်းစတန် ရွာသားတွေလို့ ပြောတယ်။ အိန္ဒိယနိုင်ငံ နောင်ကန်းစတန်ရွာနဲ့ မြန်မာ နိုင်ငံဘက်က ဆရာစံရွာနဲ့က တစ်မိုင်လောက်ပဲဝေးမယ်။ နယ်စပ်စည်းနဲ့လည်း နီးတယ်။ သူတို့က (အိန္ဒိယနိုင်ငံဘက်က) အိန္ဒိယ - မြန်မာနယ်စပ်မျဉ်းကြောင်း တည့်တည့်မှာကို အိမ်နှစ်လုံး ကျူးကျော်ထားတာ ရှိတယ်။ အဲဒါကို ၂၀၁၅ ခုနှစ်တုန်းက ဖယ်ရှားပေးဖို့ပြောထားတယ်။ အခုဟာက ကျောက်တိုင်လာစိုက်တာ။ အရင်တုန်းက ဆိုင်းဘုတ်နဲ့ အိမ်တွေကျူးကျော်တာ မဖျက်သေးဘူး။ ကျောက်တိုင်ကိုတော့ နုတ်ပစ်လိုက်တယ်။ တမူးမြို့ပေါ်က အာဏာပိုင်တွေနဲ့ အိန္ဒိယနိုင်ငံဘက်က စစ်တပ်လည်းပါတယ်။ ကျောက်တိုင်ကို လာနုတ်သွားတယ်။ ၁၂ နာရီလောက်က။ အိန္ဒိယစစ်တပ်ကလည်းပါတယ်။ ရွာသားတွေလည်းပါတယ်။ ကျောက်တိုင်တွေ လာစိုက်ပြီး ကျူးကျော်တာ ဒါပထမဆုံးအကြိမ်ပါ။ အိန္ဒိယနိုင်ငံဘက်က ကျန်းမာရေးနဲ့ပတ်သက်တာရော စားသောက်ဖို့အတွက်ရော ဆရာစံရွာကို လာဝယ်ကြရတယ်” ဟု ဆရာစံကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးနိုင်နိုင်က ပြောကြားသည်။

Most Read

Most Recent