မြန်မာနိုင်ငံ၌ လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု နိုင်ငံတကာတွင်ဆိုခြင်းမှာ တစ်ဖက်သတ်လုပ်ကြံ ဇာတ်လမ်းဖြစ်ပြီး အမှန်တကယ်သက်သေပြစရာ အထောက်အထားမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြောကြား

မြန်မာနိုင်ငံ၌ လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု နိုင်ငံတကာတွင်ဆိုခြင်းမှာ တစ်ဖက်သတ်လုပ်ကြံ ဇာတ်လမ်းဖြစ်ပြီး အမှန်တကယ်သက်သေပြစရာ အထောက်အထားမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 3 May 2018

ARSA အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ ပုံများကိုကြည့်၍ ငိုကြွေးနေကြသည့် ကျန်ရစ်သူမိသားစုဝင် ဟိန္ဒူအမျိုးသမီးများအား တွေ့ရစဉ်

မြန်မာနိုင်ငံ$ လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု နိုင်ငံတကာတွင် ဆိုနေခြင်းမှာ တစ်ဖက်သတ်လုပ်ကြံ ဇာတ်လမ်း ဆောင်ရွက်ခြင်းဖြစ်ပြီး အမှန်တကယ်သက်သေပြစရာ အထောက်အထားမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

ထို့ပြင် Genocide လုပ်သည်ဟု စွပ်စွဲပြောဆိုချက်များသည် စိတ်ကူးယဉ်ဆန်ဆန် ပြောဆိုနေခြင်းဖြစ်ပြီး လုပ်ခဲ့သည်ဟု ပြောဆိုခြင်းနှင့်ပတ်သက်၍ တိကျသေချာစွာ သက်သေပြရန် ပြောဆိုခဲ့သည်။

“Genocide ဆိုတာ ရည်ရွယ်ချက်တစ်ခုနဲ့ လူမျိုးစုတစ်စုကိုသော်လည်းကောင်း၊ တစ်ယောက်ချင်းစီကိုသော်လည်းကောင်း သတ်ဖြတ်တာရှိရမယ်။ နောက်ပြီး သူ့ရဲ့  Charateristics  တွေရှိတာပေါ့။  ဒီဥစ္စာတွေက ကျွန်တော်တို့ဆီမှာ သက်သေပြစရာ ဘာမှမရှိပါဘူး။ Genocide လုပ်တယ်ဆိုတာ ဘယ်နေရာမှာလုပ်တာလဲ ကျွန်တော်တို့ကို ပြပါ။ ဒါပေမဲ့ အခုနကပြောသလို မရေရာ မသေချာဘဲနဲ့ စိတ်ကူးယဉ်ဆန်ဆန်တွေနဲ့ ပြောဆိုစွပ်စွဲနေတာတွေပဲ ရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ Genocide လုပ်တယ် ဆိုရင်ပြပါ။ ဘယ်နေရာမှာလုပ်တာလဲ။ သူတို့စွပ်စွဲခဲ့တဲ့အင်းဒင်၊  အင်းဒင်ဆိုတာလည်း Genocide မဟုတ်ဘူး။ ကျွန်တော်တို့မှာရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေကို အကြမ်းဖက် အဖွဲ့တွေက လာရောက်တိုက်ခိုက်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့  ဝင်ရောက်ထိန်းသိမ်းတဲ့အခါမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့ သေဆုံးခဲ့တာရှိတယ်။ ဒီသေဆုံးတဲ့ အရေအတွက်တွေအားလုံးကိုလည်း တိတိကျကျ မှတ်တမ်းတင်ပြီးတော့ ကြေညာထားတယ်။ ရဲစခန်းတွေမှာလည်း သေမှုသေခင်းတွေ ဖွင့်တယ်။ အကြမ်းဖက်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မိမိရဲ့ကျေးရွာတွေကို ကာကွယ်ရင်းနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရင်းနဲ့ လုပ်ခဲ့တာပဲရှိတယ်။ ပြောချင်တာက Genocide နဲ့ပတ်သက်လို့ သက်သေပြပါ။ ဘယ်မှာလုပ်ခဲ့တာရှိလဲ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက မေ ၁ ရက်က UNSC အဖွဲ့နှင့်တွေ့ဆုံအပြီး သတင်းမီဒီယာများသို့ ပြောကြားသည်။

အမှန်တကယ် သတ်ဖြတ်ခံရသူများမှာ လူနည်းစုတိုင်းရင်းသားများဖြစ်ပြီး တိုင်းရင်းသားများ မိမိကျေးရွာတွင် မနေနိုင်အောင် အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဟိန္ဒူဘာသာဝင်များ တစ်ရွာလုံး သတ်ဖြတ်ခံရခြင်းများကို အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး သက်သေအထောက်အထားများလည်း ရရှိထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

“တကယ်တော့ သူတို့လုပ်ခဲ့တာ။ မြိုတွေ၊ ဒိုင်းနက်တွေ ဒီတိုင်းရင်းသားတွေကို မူလနေရာမှာနေလို့မရအောင် လုပ်တယ်။ နေလို့မရအောင် သတ်ဖြတ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တယ်။ နောက်တစ်ခါ ရဲဘောက်ကျာဆိုရင် ဟိန္ဒူလူမျိုးတွေကို ရွာလုံးကျွတ်ကို သတ်တယ်။ ဒီဥစ္စာတွေ အားလုံးကို ကျွန်တော်တို့ဆီမှာ သက်သေအထောက်အထားတွေရှိတယ်။ အသတ်ခံရတဲ့ လက်ကျန်မိသားစုတွေ ရှိတယ်။ နောက်အကြမ်းဖက်လုပ်ရပ်နဲ့ ပါဝင်ပတ်သက်ခဲ့သူ၊ ဖမ်းဆီးရမိတဲ့သူတွေရှိတယ်။ သူတို့ရဲ့ စစ်ဆေးထွက်ဆိုချက်တွေ ကျွန်တော်တို့ဆီမှာ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ထိန်းသိမ်းထားတယ်။ ဒီလူတွေဆီက ဖမ်းဆီးရမိတဲ့ ကင်မရာတွေ၊ တယ်လီဖုန်းတွေ၊ တယ်လီဖုန်းတွေထဲမှာ အခုနကပြောတဲ့ သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။ ဒီဥစ္စာက နိုင်ငံတကာမှာ မြန်မာနိုင်ငံကနေပြီးတော့ လူမျိုးသုဉ်း သတ်ဖြတ်နေတယ်ဆိုတဲ့ဥစ္စာ တစ်ဖက်သတ်ဖြစ်အောင် လုပ်ကြံဇာတ်လမ်း ဆောင်ရွက်တာပဲ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

ထို့ပြင်  လုပ်ကိုင်ဆောင်ရွက်သည့်အခါ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်သူများကို အရေးယူထားကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က အခုနကပြောသလို လုပ်ရင်းကိုင်ရင်းနဲ့ မှားယွင်းသွားတာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆိုလည်း ရဲစည်းကမ်း၊ တပ်မတော်သားတွေဆိုလည်း တပ်မတော်ရဲ့စည်းကမ်း ရာဇသတ်ကြီးပုဒ်မ ဒါတွေနဲ့ အရေးယူတာ ဖြစ်ပါတယ်။ လုပ်တဲ့ကိုင်တဲ့အခါမှာလည်း ဥပဒေနဲ့အညီပဲ လုပ်ကိုင်ဆောင်ရွက်သွားရတယ်။ ဥပဒေကိုကျော်လွန်ပြီးတော့ လုပ်တယ်၊ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဘယ်သူ့ကိုမှ ဥပဒေအရ သက်ညှာခွင့် မပေးပါဘူး။ အကုန်လုံးအရေးယူ ဆောင်ရွက်ထားပါတယ်။ ဒါတွေကိုလည်း နိုင်ငံတကာကိုလည်း အသိပေးထားပြီး ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသသို့ ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့က မေ ၁ ရက် တွင် နေပြည်တော်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း မြန်မာ့တပ်မတော်သည် ဘင်္ဂါလီတို့ကို ပစ်မှတ်ထားသော စနစ်တကျ မုဒိမ်းကျင့်မှုများ၊ လူသတ်မှုများ၊ ရွာမီးရှို့မှုများ ဆောင်ရွက်ခဲ့သည်ဟု  ဒုက္ခသည်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားထားသည်။

Most Read

Most Recent