ဟုမ္မလင်းမြို့နယ်တွင် အိမ်ကျော်နင်းမှု ခြောက်လှန့်မှုတို့နှင့် ဖမ်းဆီးထားသူအား မသင်္ကာ၍ စစ်ဆေးရာ လွန်ခဲ့သည့် ၁၀ လခန့်က ကျူးလွန်ခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့

ဟုမ္မလင်းမြို့နယ်တွင် အိမ်ကျော်နင်းမှု ခြောက်လှန့်မှုတို့နှင့် ဖမ်းဆီးထားသူအား မသင်္ကာ၍ စစ်ဆေးရာ လွန်ခဲ့သည့် ၁၀ လခန့်က ကျူးလွန်ခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့
Published 3 May 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် အိမ်ကျော်နင်းမှု ခြောက်လှန့်မှုတို့နှင့် ဖမ်းဆီးထားသူအား မသင်္ကာ၍ စစ်ဆေးရာ လွန်ခဲ့သည့် ၁၀ လခန့်က ကျူးလွန်ခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုကိုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ဖမ်းတာကတော့ အိမ်ကျော်နင်းမှုနဲ့ ရာဇဝတ်မှုမကင်းအောင် ခြောက်လှန့်မှုနဲ့ ဖမ်းတာ။ အဲဒီလို ဖမ်းထားတဲ့အချိန်မှာ မသင်္ကာလို့ စစ်ဆေးလိုက်တော့ အရင်က မုဒိမ်းကျင့်ပြီး လူသတ်ခဲ့တာပါ ပေါ်လာတာပေါ့” ဟု ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မယ်ဇလီကျေးရွာနေ မ---(ဘ) ဦးအောင်ရွှေ၏ သမီးဖြစ်သူသည် မယ်ဇလီကျေးရွာ နှင့် သုံးမိုင်ခန့်အကွာ ဖခင်ဖြစ်သူလယ်လုပ်ကိုင်နေသော လယ်တောသို့  ထမင်းပို့ရန် ထွက်ခွာသွားရာမှ လယ်တောထဲသို့လည်း ရောက်လာခြင်းမရှိ၊ နေအိမ်သို့လည်း ပြန်မလာသဖြင့် လိုက်လံရှာဖွေရာမှ ၂၀၁၇ ခု နှစ် သြဂုတ် ၂၃ ရက်၊ ညနေ ၄ နာရီ ခန့်တွင် ကျေးရွာအနီးတောစပ်တွင် ခန္ဓာကိုယ်ဗလာ ကျင်းလျက်သားမယားအဖြစ် ပြုကျင့်ခံရသည့်ပုံစံဖြင့် သေဆုံးနေသောကြောင့် ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူပေးရန် ဦးအောင်ရွှေက တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

ဟုမ္မလင်းမြို့မရဲစခန်းတွင် သန်းရွှေ (ဘ)ဦးဖြူကျော်၊ မယ်ဇလီကျေးရွာ၊ ဟုမ္မလင်းမြို့နယ်နေသူအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၅၂/ ၅၀၆ အမှုဖြင့် ဧပြီ ၃၀ မှ မေ ၁၄ ရက် အထိ (ဒုကြိမ်) ချုပ်ရမန်ယူစစ်ဆေးလျက်ရှိစဉ် မယ်ဇလီကျေးရွာတွင် ဖြစ်ပွားခဲ့သော မုဒိမ်းကျင့်လူသတ်မှုဖြစ်သည့် (ပ) ၄၀၇/ ၂၀၁၇ အမှုဖြင့် မသင်္ကာ၍စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ သန်းရွှေသည် (ပ) ၄၀၇/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၇၆ အမှုမှ မ---အား သားမယားအဖြစ် ပြုကျင့်၍ လည်ပင်းညှစ်သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most Read

Most Recent