ကချင်ပြည်နယ်ရှိ KIA အဖွဲ့ အခြေပြုနေရာများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ တိုက်ပွဲရှောင် ဒေသခံပြည်သူများသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိပေးကြေညာ

ကချင်ပြည်နယ်ရှိ KIA အဖွဲ့ အခြေပြုနေရာများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ တိုက်ပွဲရှောင် ဒေသခံပြည်သူများသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိပေးကြေညာ
Published 30 April 2018

ကချင်ပြည်နယ်ရှိ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အခြေပြုနေရာများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ တိုက်ပွဲရှောင် ဒေသခံပြည်သူများသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုက်ပွဲရှောင် ဒေသခံပြည်သူများသို့ အသိပေးကြေညာခဲ့သည်။

တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက “ကျွန်တော်တို့တနိုင်းမှာ မနေ့ကပေါ့။ RC ဘုရားကျောင်းကနေပြီးတော့မှ အောင်လောဒ့်ဘက်က ပြည်သူ။ သူတို့ပြောတဲ့ စာရင်းအရတော့ ၂၁၈ ယောက်ပေါ့။ ကျွန်တော်တို့ မနေ့ကတွေ့ခဲ့တာက ၉၄ ဦးတွေ့ခဲ့တယ်။ အဲဒါက အခုလောလောဆယ်တော့ ဘုရားကျောင်းက ထောက်ပံ့ထားတယ်။ ကျွန်တော်တို့လည်း မနေ့က နတလခေါင်းစဉ်နဲ့ အထိုက်အလျောက်တော့ ထောက်ပံ့ခဲ့တာရှိပါတယ်။ အစိုးရဘက်က ထောက်ပံ့တာနဲ့ ဘုရားကျောင်းက နေရာထိုင်းခင်းပေးပြီး ထောက်ပံ့နေတယ်ဆိုတော့ လောလောဆယ်ကတော့ အဆင်ပြေနေပါတယ်။ မနေ့က ထောက်ပံ့တာက ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) က အဓိကထောက်ပံ့တာပေါ့နော်။ ကျွန်တော်တို့ကိုဖိတ်လို့ အဲဒီပွဲကို မနေ့ကသွားတက်တာပေါ့။ အဲဒီပွဲမှာတော့ ဆန်၊ ဆီ၊ ဆား ထောက်ပံ့တဲ့ပွဲမှာတော့ တပ်မတော်သားအရာရှိတွေကိုယ်တိုင် အဲဒီစာတွေဝေနေတာတော့ ကျွန်တော် မျက်မြင်တွေ့တယ်” ဟု ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။

အဆိုပါ အသိပေးကြေညာချက်များကို မြန်မာဘာသာအပြင် ကချင်ဘာသာဖြင့် ရေးသားထားသည့် ကြေညာချက်များကိုလည်း ဖြန့်ဝေနေကြောင်း သိရသည်။

ဧပြီလအတွင်း ကချင်ပြည်နယ်မှ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အဖွဲ့ဝင်များ အခြေပြုနေရာများဖြစ်သည့် မံဝယ်ဒေသအား တပ်မတော်မှ နယ်မြေရှင်းလင်းခဲ့ပြီး အောင်လောဒ့်၊ ကဆုန်းနှင့် အင်ဂျန်းယန်ဒေသများကို တပ်မတော်မှ နယ်မြေရှင်းလင်းလျက်ရှိကြောင်း၊ ထိုသို့ရှင်းလင်းရာတွင် KIA တပ်ဖွဲ့ဝင်များတည်ရှိရာနေရာ စခန်းများကိုသာ တပ်မတော်မှ ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသအတွင်းရှိ ကျေးရွာများနှင့် ရွာသူရွာသားများအား လုံးဝထိခိုက်မှုမရှိစေရန် ကျေးရွာ၏အနေအထားကိုလည်း KIA အဖွဲ့ဝင်များ ဖျက်ဆီးခဲ့သည်မှအပ ပျက်စီးဆုံးရှုံးမှုမရှိစေရန် တပ်မတော်မှ ထိန်းသိမ်းထားရှိကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲရှောင် ဒေသခံပြည်သူများသို့ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့နယ်မြေရှင်းလင်းခဲ့သည့် ဒေသများအတွင်းရှိ ကျေးရွာများအား KIA အဖွဲ့ဝင်များ ဖျက်ဆီးခဲ့သည်မှအပ ရွာသူရွာသားများ ထားရှိခဲ့သည့် ပကတိအခြေအနေများအတိုင်း တပ်မတော်မှ ထိန်းသိမ်းထားရှိမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဘာသာရေးအဖွဲ့များနှင့် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်း၍ သွားရောက်ကြည့်ရှုစေမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

Most Read

Most Recent