NVC လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကန့်ကွက်ဝေဖန်မှုများ ရှိနေသော်လည်း လုပ်ငန်းစဉ် ပြောင်းလဲမည် မဟုတ်ဘဲ အစိုးရဆုံးဖြတ်ချက်နှင့် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

NVC လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကန့်ကွက်ဝေဖန်မှုများ ရှိနေသော်လည်း လုပ်ငန်းစဉ် ပြောင်းလဲမည် မဟုတ်ဘဲ အစိုးရဆုံးဖြတ်ချက်နှင့် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 29 April 2018

NVC လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကန့်ကွက် ဝေဖန်မှုရှိနေသော်လည်း လုပ်ငန်းစဉ် ပြောင်းလဲသွားမည် မဟုတ်ဘဲ အစိုးရ၏ ဆုံးဖြတ်ချက်နှင့် တည်ဆဲ ဥပဒေအတိုင်းသာ ဆက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အဆိုပါ ပြောကြားချက်မှာ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Hotel Yangon ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း ပြုလုပ်သော မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ အခမ်းအနားတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“NVC ကတ် ထုတ်ပေးမှုအပေါ်မှာ UN နဲ့ အဖွ့ဲအစည်းတွေရဲ့ဝေဖန်မှုမျိုးစုံ ရှိနေတော့ အကယ်၍ ဒီကတ် လုပ်ငန်းစဉ်အပေါ် UN က ကန့်ကွက်လာမယ် ဆိုရင် NVC ကတ် လုပ်ငန်းစဉ်တွေက ပြောင်းလဲသွားဖို့ ရှိလားဆိုတော့ မရှိပါဘူး။ UN ဟာ UN ပါပဲ။ အစိုးရက အစိုးရ ပါပဲ။ နိုင်ငံတော်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

လက်ရှိတွင် NVC ကတ် ထုတ်ပေးရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ကျန်မြန်မာ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ကတ် ကိုင်ဆောင်သူများကို သတ်မှတ်မြို့နယ်အတွင်းသာ သွားလာခွင့် ပြုထားတာဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်းသာ ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent